Author Note

383 22 0
                                    

Zawgyi

ဇာတ်သိမ်းလေးက သိပ်လှတယ်လို့တော့ မဟုတ်ပေမဲ့ ကျေနပ်ကြမယ်လို့တော့ ထင်မိပါရဲ့။
ဒါလေးက ကျနော့်ရဲ့ ဒုတိယမြောက်ကြိုးစားမှုလေးပါ။
ကျနော်က one shot တွေရေးရတာ လုံးဝမကျွမ်းပါဘူး။ဘာလို့ဆို ကျနော်က အရစ်ရှည်တတ်တာမို့ပါ။ရေးရင်း ရေးရင်းနဲ့ အားပါပြီး အရှည်ကြီးဖြစ်သွားတတ်ရော။
ဒီ one shot လေးကို အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားရေးထားပါတယ်လို့။
နောက်ပြီး တစ်ခုပြောချင်တာက ကျနော်က‌လေ စာရေးရင် စိတ်ကူးထဲပေါ်လာသမျှအကုန်ကောက်ရေးလိုက်တာမို့ တချို့ တချို့သော ကျနော့်မူပိုင်မဟုတ်တဲ့ ရင်းနီးနေတဲ့စာသားလေးတွေပါလာတတ်ပါတယ်လို့။
ဘယ်အချိန်ကဘယ်မှာကြားဖူးပြီး ဘယ်လိုရေးမိတဲ့စာသားမှန်းလုံးဝ မမှတ်မိတာမို့ တကူးတက crd ပေးမနေတော့တာတော့ ခွင့်လွှတ်ကြပါ။
ဒီ one shot လေးထဲမှာသုံးထားတဲ့ ကြယ်ကလေးနဲ့လမင်းကြီးရဲ့ ပုံပြင်ကလည်း ကျနော့်စိတ်ကူးသက်သက်ပါပဲ။တကယ့်ဘဝမှာဆိုရင်တော့ ကြယ်တွေဆိုတာ အရမ်းကိုမှထုထည်ကြီးမားတဲ့ဂြိုဟ်တွေပါနော်။လမင်းကြီးထက်လည်း အဆပေါင်းထောင်သောင်းမက ကြီးမားကြပါတယ်။အားလုံးသိကြမယ်လို့တော့ထင်တယ်။အဲ့တော့ အဲ့ပုံပြင်လေးကိုလည်း ပုံပြင်လို့ပဲသဘောထားပေးစေချင်တယ်။လက်တွေ့ဘဝနဲ့ မနှိုင်းယှဉ်စေချင်လို့ပါ။နောက်ပြီး
ပန်းသီးပိုင်မုန့်ကတော့ ကိုယ်စားချင်တာထည့်ရေးလိုက်တာပါလို့။သိပ်မသိတဲ့သူတွေလည်း ရှိနိုင်တာမို့ ပုံလေးထည့်ပေးထားပါတယ်နော်။
စာအရှည်ကြီးရေးမိလို့ ဗွေမယူကြပါနဲ့ ဒီကအထီးကျန်ကြယ်ကလေးက စကားများရတာကြိုက်လို့ပါ။

ဆိုတော့ ဒီ one shot လေးကို အားလုံးပဲ‌ ကျေနပ်နှစ်ခြိုက်ကြမယ်ထင်ပါတယ်။
ကလေးနှစ်ယောက်ကိုချစ်လို့ ဖန်တီးပေးရုံသာဖြစ်ပြီး မည်သည့်သဘောမှမဆောင်ကြောင်းပြောချင်ပါတယ်။ကျနော်ရဲ့ ကလေးတွေလည်း အစစအရာရာဂရုစိုက်ကြပါ။
အခြေအနေတွေအားလုံးတည်ငြိမ်သွားတော့မှ အဖေနှစ်ယောက်ရဲ့ အရှို့ပေါင်းချုပ်နဲ့ ဆက်လောင်ကြမယ် အဲ့တော့ လောင်နိုင်ဖို့အတွက်အားတင်းထားကြပါလို့ ဖိုက်တိုးပါ ခရုတို့🥴

Take me to your universeWhere stories live. Discover now