UNICODE
................
ကျယ်ဝန်းလှတဲ့အိမ်ကြီးတစ်အိမ်ထက် အကျယ်ချုပ်လိုနေလာရသည်မှာ ၄နှစ်ပြည့်လုနီးနီး ထိုလူသားအပေါ်စစခြင်းအမုန်းစတို့ထားမိသည်..နောက်ပိုင်းနှလုံးသားရဲ့လားရာအတိုင်းရင်ထဲရှိလာသလိုလိုအချစ်တို့အဖြစ်တစ်ဖန်ပြောင်းလဲလာလေသည်..ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူတစ်ယောက်..ဘာပက်သက်မှုမှလည်းမရှိတဲ့သူတစ်ယောက်..ကျွန်တော့်ကိုအပိုင်သိမ်းထားသည်မှာမေးခွန်းဆန်လှသည်..
''Babe.....''
နားဝနောက်ဖျားလေးမှထွက်ပေါ်လာသောခပ်အောအောအသံတစ်ခု..လှည့်မကြည့်လည်းသိသည်..ထိုသူဟာ park jimin...ခါးတစ်ဝိုက်သို့သွယ်ရှက်လာသောလက်တစ်စုံ...ပခုံးသားပေါ်သို့မှေးတင်ကာ
''ဘာတွေစဉ်းစားနေတာလဲ''
တစ်ခါတစ်ခါနူးညံ့တက်သလိုတစ်ခါတစ်ခါကြောက်ဖို့ကောင်းတဲ့သူ..
''ဒီတိုင်း.......''
''ကိုယ့်ကိုလိမ်ဖို့မကြိုးစားစမ်းနဲ့!!''
ရုတ်ချည်းမလှပြောင်းလဲတတ်တဲ့ထိုလေသံ...ကြောက်ရွံ့စွာကိုယ်လုံးတို့ကအတိုင်းသာတုန်သွားလျက်
''daddy...ရဲ့အကြောင်းပါ''
''sorry ကိုယ်ဒေါသထွက်သွားလို့''
''ရ-ရပါတယ်..''
''ကိုယ့်ကိုချစ်လား''
အမြဲမေးနေကျစကားလေးတစ်ခု..သူမဖြေချင်ခဲ့တဲ့အချိန်ဆိုတာမရှိခဲ့..ထိုလူသား၏အမေးကိုလေးနက်စွာအချိန်တိုင်းဖြေခဲ့သည်..ထိုအဖြေဟာ..
''သိပ်ချစ်တယ်..''
''ကိုယ်ရောပဲ''
ဒီအဖြေဟာ သူ''သိပ်ချစ်တယ်''ပြောတိုင်းပြန်ဖြေပါသော daddy၏အဖြေ
''d-daddy''
''အင်းပြော babe..''
''ထယ် အပြင်သွားချင်တယ်''
သူမကြောက်မလန့်တောင်းဆိုမိပါသည်..သို့သော်..မျက်မှောင်ကြုတ်ကာသူ့အားစိုက်ကြည့်နေပါသော daddyသည် တစ်ခုခုကိုစဉ်းစားနေဟန်
