Unicode
"ကိုယ်" ဆိုတဲ့ နာမ်စားကိုအဓိကသုံးပြီးတော့ရေးသွားမယ်နော်။ ဒီ စာလေးက ကိုယ့်ဘဝရဲ့ဖြစ်ရပ်မှန်လေးကိုရေးထားတာပါ။ ခုမှပထမဆုံးရေးဖူးတဲ့အတွက် အကွန့်တွေမပါသေးဘဲ ကိုယ်တကယ်ကြုံရတာ၊ ခံစားရတာကို သူငယ်ချင်းကို ပြန်ပြောပြတဲ့ပုံစံလေး အကျဉ်းချုပ်ပဲရေးထားပါတယ်။ နောက်ပိုင်းအားရင်တော့ GL fic လေးတစ်ပုဒ်အဖြစ်အသွင်ပြောင်းပြီးရေးဖို့စိတ်ကူးထားတယ်။Les တစ်ယောက်ရဲ့ ကြုံရနိုင်တဲ့အခက်အခဲတွေနဲ့အချစ်ရေးကို ဖြစ်ရပ်မှန်၊ လက်တွေ့ နှင့် စိတ်ကူးယဉ် ပေါင်းရေးဖြစ်လိမ့်မယ်။
______________________________________
ကိုယ့်ကိုယ်ကိုထင်ခဲ့တာကကိုယ်ဟာ မချစ်တတ်တဲ့သူ၊ လက်တွေ့ဆန်ပြီး ရုပ်ရှင်မဆန်တဲ့သူ၊ လျှို့ဝှက်ချက်မရှိတဲ့သူ၊ ရိုးရှင်းတဲ့သူပေါ့။ ကိုယ့်ရဲ့နေ့စဉ်ဘဝဖြတ်သန်းလာမှုကအရမ်းရိုးရှင်းခဲ့တယ်။ ကိုယ်ဟာမိန်းကလေးတစ်ယောက်ဆိုတော့ အချိန်တန်ရင်ကိုယ်နဲ့သင့်တော်မယ့်၊ ၂ဖက်မိဘသဘောတူတဲ့သူနဲ့ လက်ထပ်ပြီး သားသားမီးမီးတွေနဲ့နေသွားမယ်ဆိုပြီးတော့တွေးခဲ့တဲ့သူပေါ့။ ပြီးတော့ သမီးအလိမ္မာလေးပေါ့။
ဒါပေမယ့် အဲဒါတွေအကုန်လုံးဟာ အချိန်တန်လာတဲ့ တစ်ရက်မှာတော့ ပြောင်းပြန်ဖြစ်ကုန်ခဲ့တယ်။ ကိုယ့်ရဲ့တကယ့်ပုံစံကိုလည်းရှာတွေ့ခဲ့တယ်။ ပြီးတော့ဘဝမှာနေထိုင်ရတာ အဓိပ္ပာယ်ပိုရှိလာတယ်။ ကိုယ့်ရဲ့အမြင်တွေကလည်းပိုပြီးပွင့်လင်းလာခဲ့တယ်။
Zawgyi
_______________________________________
ရှိုင်း
2 May, 2021
YOU ARE READING
Road To Lesbian Life
Non-Fictionသာသာရဲ့ အဖြစ်ကိုရေးထားတာလေးပါ။ Based on true story It is about life and love. Choosing between self happiness and others happiness. Struggling between happy life with true love and luxury life with no love. Able to find out true self is a kind of fr...