Life & Love (Uni+Zaw)

221 20 5
                                    

Unicode

ကိုယ့်ကိုမိဘတွေက သိတတ်စအရွယ်ကတည်းက ရည်းစားမထားဖို့ကို ပွဲဈေးဥပမာနဲ့အမြဲပြောပြထားတော့ မိဘတွေရဲ့စကားက နားရည်ဝနေတော့ ရည်းစားထားဖို့ကိုလုံးဝစိတ်မကူးဘူး။ ဒါကြောင့်ရည်းစားလည်းမထားခဲ့သလို ကိုယ်သဘောကျတဲ့သူလည်းမရှိခဲ့ဘူး။ ကိုယ့်မိဘပြောတဲ့ပွဲဈေးဥပမာကိုမှတ်မိသလောက်ဆိုရင်တော့ "သမီး ပွဲဈေးလျှောက်ရင်လေ ပွဲဈေးကိုဆုံးအောင်လျှောက်ပြီးမှ အကောင်းဆုံးအရုပ်ဖြစ်တဲ့ မင်းသားရုပ်ကို‌သမီးကရွေးချယ်နိုင်လိမ့်မယ်။ ပွဲဈေးစဝင်တော့ ဖိုးဝရုပ်လေးကိုသမီးစတွေ့လိမ့်မယ်။ အဲမှာဖိုးဝရုပ်လေးကချစ်စရာလေးဆိုတော့ သမီးလိုချင်တာမဆန်းပါဘူး။ ဒါပေမယ့် သမီးပွဲဈေးကို ဆက်လျှောက်ရင် ဖိုးဝရုပ်ထက် အများကြီးချစ်ဖို့ကောင်းပြီးလှတဲ့အရုပ်လေးတွေတစ်မျိုးပြီးတစ်မျိုးတွေ့လာလိမ့်မယ်။ ဒါပေမယ့်သမီးမှာက တစ်ကြိမ်သာရွေးချယ်ပိုင်ဆိုင်ခွင့်ရှိတာဆိုတော့ ပွဲဈေးကိုပြီးဆုံးအောင်လျှောက်ကြည့်ပြီး‌ရွေး မှ အကောင်းတကာ့အကောင်းဆုံး မင်းသားရုပ်လေးကို သမီးပိုင်ဆိုင်နိုင်မှာပေါ့တဲ့။ " အဲလိုဥပမာတွေနဲ့ပြောပြီးငယ်ရွယ်တုန်းချစ်သူရည်းစားမထားဖို့ကို အမြဲသွန်သင်ခဲ့တာပေါ့။ အဲလိုနဲ့ကိုယ်ဟာ ငယ်ငယ်လေးကတည်းက ဘာမဆို ဦးနှောက်နဲ့ပဲစဉ်းစားပြီးလုပ်သင့်တဲ့အရာတွေသာလုပ်လာခဲ့တယ်။ ကြာလာတော့ကိုယ်ဟာ ဘာကို လိုချင်တယ် အလိုရှိတယ်ဆိုတာ ကိုယ်ကိုယ်တိုင်က မသိတော့ဘူး။ သတိလည်းမမူမိတော့ဘူး။

အဲလိုနဲ့ကိုယ်ဟာ Les တစ်ယောက်ဆိုတာကို မသိခဲ့ဘူး။ မိန်းကလေးကျောင်းထွက်ဆိုတော့ ယောင်္ကျားလေးတွေကိုမျက်စိထဲမမြင်ဘဲ မိန်းကလေးတွေကိုပဲ ငေးတာ သဘောကျတာတွေဟာ state ကျောင်းတုန်းက အကျင့် တစ်ခုလို့ပဲထင်ခဲ့တယ်။ ‌ကိုယ့်ကို သဘောကျတဲ့ မိန်းကလေးတွေ ယောင်္ကျားလေးတွေရှိခဲ့ပေမယ့် ကိုယ့်ကိုရင်ခုန်စေခဲ့တာ တစ်ယောက်မှမရှိခဲ့ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်မိန်းကလေး၊ဘယ်ယောင်္ကျားလေးကိုမှ မကြိုက်ခဲ့ဖူးသလို ရင်လည်းမခုန်ခဲ့ဖူးဘူး။ ကိုယ့်ဟာကိုယ်ကလွဲလို့ တခြားသူကို မချစ်တတ်တဲ့သူလို့တောင်ထင်ခဲ့မိတယ်။ ပိုဆိုးတာကငယ်ငယ်‌လေးကတည်းကဘယ်အရာမဆို နှလုံးသားထက်ဦးနှောက် နဲ့ပဲ စဉ်းစားပြီးလုပ်ခဲ့တယ်။ ကိုယ့်နှလုံးသားက တောင်းတတာကို အမြဲလျစ်လျူရှူခဲ့တယ်။ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲ ရွေးချယ်ခဲ့တယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုထက် မိသားစုရဲ့ပျော်ရွှင်မှုကိုပဲ ဦးစားပေးခဲ့တယ်။ အချစ်ဆိုတာရုပ်ရှင်ထဲမှာသာရှိပြီးအပြင်မှာမရှိဘူးလို့ထင်ခဲ့တယ်။ အချစ်ဆိုတဲ့အရာကြီးကို လိုလည်းမလိုခဲ့သလို ယုံလည်းမယုံကြည်ခဲ့ဘူး‌။ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀လုံးကို အဲလိုပဲဖြတ်သန်းခဲ့တယ်။

Road To Lesbian LifeTempat cerita menjadi hidup. Temukan sekarang