Final (Uni+Zaw)

193 29 0
                                    

Unicode

ကိုယ်ဟာပြီးခဲ့တဲ့၂နှစ်မှာ စိတ်ဆင်းရဲမှုတွေ၊ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ အထီးကျန်မှုလည်းခံစားခဲ့ရတယ်။ ဘဝရဲ့အပြောင်းအလဲတွေကြုံတွေ့ခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့ပြီ။ အခုဆိုကိုယ်ဟာ အရင်ထက်ပိုပြီးပျော်ရွှင်လာတယ်လေ။ မပျော်ရွှင်ဘဲလဲဘယ်နေမလဲ။ ကိုယ့်ရဲ့အချစ်စစ်ကိုလည်းရှာတွေ့သွားတာကိုး။ အသက်၃၂နှစ်မှ အချစ်ဆိုတဲ့အရာကိုခံစားရတာနည်းနည်းများလွန်သွားမလားဟင်။ ကိုယ်ဟာကံကောင်းတယ်ပြောရမယ်သိလား။ ဘာလို့ဆိုရင်လေသူလေးကကိုယ့်ဘဝအကြောင်းသိထားတာတောင်မှ ကိုယ့်ကိုမငြိုငြင်ဘဲ အချစ်စစ်နဲ့ပြန်ချစ်ပေးလို့။ သူလေးကကိုယ့်ကိုစောင့်နေပေးတယ်လေ။

အခုကိုယ်ဟာမကြာခင်မှာကွာရှင်းတော့မယ်။ ကိုယ်ဟာမိဘအိမ်မှာပြန်လာနေတာ ၄လလည်းကျော်နေပြီ။ ကိုယ့်ကို ကွာရှင်းဖို့စဉ်းစားထားပါဆိုပြီးတော့လည်းသူက‌ပြောလာပြီလေ။ ဒါကြောင့် နိုင်ငံရေးအခြေအနေတွေကောင်းတာနဲ့ ကွာရှင်းဖို့စဉ်းစားထားတယ်။ ကိုယ့်မိဘတွေကိုလည်း ကိုယ်ကွာရှင်းဖို့အတွက်ကိုနားဝင်အောင်ရှင်းပြနိုင်ခဲ့ပြီ။ ကွာရှင်းပြီးရင်တော့ ကိုယ့်ကိုလူတွေက ကဲ့ရဲ့ကြမှာတော့မြင်ယောင်သေးတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး။ ချီးမွမ်းတစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲမဟုတ်ဘူးလား။

ခုလို ၂၀၂၀ နဲ့ ၂၀၂၁ မှာ လူတွေဟာနေ့မြင်ညပျောက်ပြီးအလွယ်တကူသေနေကြ
တာကိုမြင်ရတော့ ရခဲတဲ့လူ့ဘဝသက်တမ်းတိုတိုလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကအရေးကြီးဆုံးဆိုတာမြင်လာရတယ်။ ဒါကြောင့်ကိုယ်ဟာ အချစ်မရှိဘဲချမ်းချမ်းသာသာနေရမယ့်ဘဝထက်အချစ်စစ်နဲ့ပျော်ပျော်ရွှင်ရွှင်နေရယ့်ဘဝကို ရွေးချယ်လိုက်ပြီ။

____________________________

ကိုယ့်အကြောင်းလေးဖတ်လိုက်ရတာပျင်းစရာကောင်းသွားလားဟင်။ ကိုယ့်ရဲ့ဖြစ်ရပ်က ကိုယ်ပဲဖြစ်တာလားတော့မသိ။ ယူတို့မှာကော ကိုယ့်လို ဖွင့်မပြာနိုင်တဲ့အခက်အခဲတွေရှိကြလား? အဲလိုရှိရင်လေ တစ်ယောက်တည်းစိတ်ထဲမှာမသိမ်းဘဲ ယုံကြည်ရမယ့်သူရှိရင် ဖွင့်ပြောတိုင်ပင်ကြနော်။ မဟုတ်ရင် အရမ်းစိတ်ပင်ပန်းရတယ်။ စိတ်အပင်ပန်းရဆုံး၊ အခက်ခဲဆုံးအချိန်ကိုမကျော်လွှားနိုင်ရင်လေ suicideသွားနိုင်တဲ့အခြေအနေထိဖြစ်လာနိုင်လို့။ ကိုယ်တွေ့မို့လို့ပြောရတာ။

Road To Lesbian LifeOpowieści tętniące życiem. Odkryj je teraz