Part - 13 [ Love is Funny ]

32.8K 2.3K 130
                                    

Unicode

At School

နောက်ဆုံးတော့ ထက်ပိုင်တို့၏ 10 တန်းစာမေးပွဲကြီးပင် ပြီးသွားလေပြီ..။

"ခွဲရတော့မှာပေါ့ ညီ"

"ဟုတ် အကိုကောင်းမြတ် ကျွန်တော့်ကိုလွမ်းရင် လာလည်လို့ရပါတယ်"

"တစ်ကယ်လား ညီ"

"ဟုတ် အကို..ဒါနဲ့ အကိုဘယ်မေဂျာယူမှာလဲ"

"အမ်း..အကို့အသက်က နည်းနည်းကြီးနေပြီဆိုတော့ စီးပွါးရေးဘက်တက်ပြီး ပါပါးတို့ကုမ္ပဏီမှာပဲ့ ဝင်လုပ်မလို့"

"ကောင်းပါတယ် ကျွန်တော်လည်း ကိုကောင်းမြတ်နဲ့တူတူပဲ့ လိုက်တတ်မယ်လို့ဆုံးဖြတ်လိုက်ပြီ"

"ဒါဆို ကောင်းတာပေါ့ ညီရယ်"

"ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ ကိုကောင်းမြတ်ပဲ့ ရှိတော့ ခုလိုရွေးတာက ပိုပြီးကောင်းတယ်လေ ဘိုင့်ဘိုင်နော် ကိုကောင်းမြတ်"

ကားထဲတွင် မျက်ထောင့်နီများဖြင့် ကြည့်နေသော ဒယ်ဒီအား တွေ့လိုက်ရသည်မို့ ထက်ပိုင် ကောင်းမြတ်အား အမြန် နှုတ်ဆက်ခဲ့လိုက်ရသည်။

"အင်း..အင်း ညီ"

------------ Oh My Sugar Daddy ---------

စကားတစ်ခွန်းမှဟခြင်းမရှိဘဲ အရှေ့သို့သာတည့်တည့်ကြည့်လျက် အရှိန်ပြင်းစွာ မောင်းနှင်နေသော ဒယ်ဒီ၏ ခက်ထန်လှသည့် မျက်နှာထားအား ထက်ပိုင်အရိပ်အကဲကြည့်လျက် ဒီတိုင်း ထိုင်နေလိုက်သည် ။

"တောက်ခ်! "

ဘေးဘက်ရှိ ကျော်တက်သွားသော ကားအား မာန်ပါပါတစ်ချက်တောက်ခေါက်လိုက်သည်မို့ ထက်ပိုင် ကိုယ်လေး တုန်တက်သွားသည် ။

"ဒယ်..ဒယ်ဒီ"

"အင်း ကလေး"

နူးနူးညံ့ညံ့ပြန်ထူးလာပေမယ့်လည်း ဟန်ဆောင်ပုံရသည်။
မျက်နှာမှာ အခုထိ ခက်ထန်နေတုန်းမို့ ။
ဒယ်ဒီဘာဖြစ်နေတာလဲ...။

"ဟို..ဖြည်းဖြည်းမောင်းပါဗျ"

"ကြောက်လို့လား ကလေး ။ မပူနဲ့ အဲ့ထက်ကြောက်စရာကောင်းတာ လာဦးမယ်"

"ဗျ! "

ဒယ်ဒီပုံစံသည် ပုံမှန်နှင့်မတူ...။
အေးစက်ပြီး ကြောက်စရာအသွင်အား ဆောင်ထားလျက်။
လက်နှင့်လည်ပင်းမှ အကြောစိမ်းများတစ်ထောင်ထောင်နှင့် အမွှေးမျှင်းမျှင်းလေးကပါ ထောင်နေလို့။

Oh...My Sugar Daddy [ Completed ] Where stories live. Discover now