Part - 23 [ Lovely Date ]

24.6K 1.8K 483
                                    

[ Unicode ]

"အကို မူးနေပြီ..အိပ်တော့"

"မမူးပါဘူးရာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အိပ်တော့"

"အေ့...ငါမမူးဘူးလို့! ကောင်းမြတ်"

"ဟုတ်ကဲ့ပါ အကိုမမူးပါဘူး အိပ်ပါတော့ဗျ နော်"

"အဟင့်..အီး..ကောင်းမြတ်"

"အ..အကို ဘာလို့ငိုရတာလဲ"

"မင်း...မင်းကို မနာလိုလိုက်တာ!"

"ဗျာ..အကိုကကျွန်တော့်ကို ဘာတွေမနာလိုပြန်ပြီလဲ"

"မင်းက ရုပ်လည်းချောတယ် ။ ခန္ဓာကိုယ်လည်းတောင့်တယ် ။ အရာရာတိုင်းကလည်းငါ့ထက်သာသေးတယ် "

"ဟော..အကိုနော် လူကဖြင့်သေတော့မယ် ကလေးကလားတွေလုပ်နေတုန်း"

"ဘာ!! အေ့..."

"မအိပ်သေးဘူးလား ကျွန်တော်ကအကို့ကိုကလေးချော့တေးနဲ့သိပ်မှအိပ်မှာလား"

"ငါက ကလေးမဟုတ်.... "

မူးတူးတူးနှင့်ပြန်ခံပြောနေသည့်အကိုသုခန့်၏ဘေး၌ ဝင်လှဲကာသုခန့်အားရင်ခွင်ထဲသို့ဆွဲသွင်းပစ်လိုက်သူ ကောင်းမြတ် ။

ထို့နောက်အတင်းကြပ်ဆုံးဖက်ပစ်ထားကာ နှဖူးအားနမ်းရှိုက်ပစ်သည် ။

"မင်းလူကြီးခေါင်းကို ဘယ်လိုတွေ...အွတ်! "

တစ်ခွန်းမကျန်ပြောနေသေးသည့်ပါးစပ်ကိုလည်း ကောင်းမြတ်သူ၏အနမ်းဖြင့်ပိတ်စေသည် ။

"မီးပိတ်လိုက်ပါလား ကောင်းမြတ်"

>>>>>>>
>>>>>>>

[ At The Company ]

"ကျစ်..ဒီနေ့ကလေးနဲ့ Date ရမယ့်နေ့ကို သုခန့်ကလည်းအလုပ်မဆင်းပြန်ဘူး ။ ကလေးကိုလွမ်းလိုက်တာ"

Meeting ထဲတွင်တင်ပြသူအသီးသီးများကတင်ပြနေသော်လည်း ဦးဟိန်းကတော့အိမ်တွင်ကျန်ခဲ့သော အကြင်သူလေးဆီသို့သာ စိတ်ရောက်နေသည် ။

ထိုချိန် ဝင်လာသော Message တစ်စောင်ကြောင့် meeting ထဲတွင်ဖုန်းအားခိုးကြည့်ကာ ဦးဟိန်းပြုံးပျော်သွားရသည် ။

" ကျွန်တော်တို့ Date အတွက်စိတ်လှုပ်ရှားနေပြီ ညနေစောစောပြန်လာရမယ်နော် ချစ်တဲ့ဒယ်ဒီ မွ မွ "

Oh...My Sugar Daddy [ Completed ] Donde viven las historias. Descúbrelo ahora