Part(1)

64 10 11
                                    

Unicode

" 'က'မှစ၍'အ'ထိတိုင်အောင်"

"Baek Baek လေးရေ ကြည့်ပါအုံး"
Baekhyun တစ်ယောက်အိပ်မှုန်စုတ်ဖွားနဲ့လှေကားပေါ်မှဆင်းလာရင်း ဧည့်ခန်းထဲကနေအော်ခေါ်နေတဲ့ အမေဖြစ်သူဆီကိုလျှောက်သွားလိုက်သည်။
အိပ်ရေးမဝသေးလို့အမေဖြစ်သူရဲ့ဗိုက်ကိုဖက်ပြီးချွဲရန် အမေ့ဆီသို့အသွား အမေ့ရင်ခွင်ထဲတွင်ကလေးလေးတစ်ယောက်က Baekhyun ကို ပြူးပြူးကြောင်ကြောင်လေးကြည့်နေလေသည်။
"Baek Baek လေးရေ ဒီမှာကြည့်စမ်း ညီလေးကချစ်ဖို့မကောင်းဘူးလား"
အိမ်တွင်အငယ်ဆုံးလေးမလို့အစစအရာရာကိုအမြဲဦးစားပေးဖြစ်နေတဲ့ Baekhyun လေးတစ်ယောက်သူ့အမေရင်ခွင်ထဲက ကလေးငယ်ကိုမြင်တဲ့အခါမှာတော့ မနာလိုစိတ်ကလေးဝင်လာလေသည်။
"တူကဘယ်တူကျိလဲ မေ့မေ့"
5နှစ်အရွယ် Baekhyun ရဲ့အမေးစကားကို မီးဖိုချောင်ထဲမှ ကိတ်မုန့်ယူရင်းထွက်လာတဲ့ အစ်ကိုဖြစ်သူကဖြေလေသည်။
"ဘေးအိမ်ကိုပြောင်းလာတဲ့ ကလေးလေး လေးHyunneလေးရဲ့"
"တူ့မေမေကော တိုတို"
နှုတ်ခမ်းလေးထော်ကာ မေးလာသောညီဖြစ်သူကိုကြည့်ရင်း Yifan တစ်ယောက်အသည်းယားကာ ထော်နေသောနှုတ်ခမ်းလေးကိုတစ်ချက် မွ ခနဲ နေအောင်နမ်းလိုက်သည်။
အသက်၁၀ နှစ်ကျော်ကွာသောကြောင့် hyunne လေးအတွက် Yifan ဟာ အစ်ကိုလိုကောအဖေလိုကောကိုချစ်ပေးသည်။

"အာပေတူးလေးက သွားလည်းမတိုက်ရသေးဘူးပဲ။ ဒီကလေးလေးမေမေက အခုမှပစ္စည်းတွေနေရာချနေတော့ မအားသေးဘူးလေ"

"ဟွန့် တူ့နာမည်ကဘာလေးလဲ"

" Park Chanyeol တဲ့ Baek Baek လေးရဲ့။ ညီလေးကိုကိုင်ကြည့်မလား"

လက်ကလေးနှစ်ဖက်ကိုနောက်ပစ်ကာ အပီအပြင်စဥ်းစားနေပါသော Baekhyun လေးသည် ၅မိနစ်ခန့်စဥ်းစားပြီးချိန်မှာတော့ သူ့မေ့မေ့ဆီကိုတစ်လှမ်းဆီလျှောက်သွားလေသည်။
Baekhyun တစ်ယောက် မေ့မေ့အနားရောက်တော့ ရင်ခွင်ထဲက ကလေးပေါက်စက ရယ်ပြလာလေသည်။ ပါးကြီးနှစ်ဖက်မှာဖောင်းကားနေကာ နားရွက်လေးနှစ်ဖက်မှာလည်း ကားနေလေသည်။ အောက်သွားနှစ်ချောင်းသာပေါက်နေသော ပါးစပ်သေးသေးလေးဖြင့် Baekhyun လေးကို အသားကုန်ရယ်ပြနေကာ လက်တုတ်တုတ်ခိုင်ခိုင်လေးနှစ်ဖက်ကလည်း Baekhyun လေးဆီကိုဆန့်ကာဆန့်ကာနဲ့ ခန္ဓာကိုယ်ကလည်းကော့ထိုးနေပြန်သည်။

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

'က'မှစ၍'အ'ထိတိုင်အောင် Where stories live. Discover now