Beijing ရဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Hotel တစ်ခုမှာ ကျင်းပနေတဲ့ စေ့စပ်ပွဲအခမ်းအနားတစ်ခု ....
ကျင်းပနေတဲ့ Hotel နဲ့ အပြင်အဆင်ကို ကြည့်တာနဲ့ ကြွယ်ဝတဲ့မိသားစုဆိုတာကို သိနိုင်လောက်အောင် ခမ်းနားလှတယ်။စီးပွားရေးလောကရဲ့ ထိပ်တန်း Company တွေထဲက တစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ Cai Xiao Kun ရဲ့ တစ်ဦးတည်းသော သား Cai Xukun နဲ့ Zhu ကျောက်မျက်ရတနာလုပ်ငန်း ရဲ့ တစ်ဦးတည်းသော သား Zhu ZhengTing တို့ဟာ ငါးနှစ်ကြာအောင် ချစ်သူအဖြစ်တွဲနေရာကနေ ဒီနေ့မှာတော့ စေ့စပ်ကြပြီဖြစ်တယ်။ပွဲကိုတက်လာကြတဲ့သူတွေကလည်း နိုင်ငံခြားဖြစ်ကားမျိုးစုံနဲ့ အဖိုးတန်ပေ့လို့ ပြောလို့ရတဲ့ လက်ဝတ်လက်စားတွေကို ဝတ်လို့ဂုဏ်တုဂုဏ်ပြိုင်နေကြတယ်။လူတိုင်းရဲ့ ပါးစပ်ဖျားမှာလည်း သတို့သားတွေဖြစ်တဲ့ Cai XuKun နဲ့ Zhu ZhengTing ရဲ့အကြောင်းတွေက ပြောမဆုံးပေါင်တောသုံးထောင်။ ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရထားတဲ့ Cai သခင်လေးက Company မှာအလုပ်ဝင်ဖို့စိတ်မဝင်စားဘဲ အခုထိ သူစိတ်ဝင်စားတဲ့ မြေတွေ ကျောက်တွေကို သုတေသနလုပ်ရင်း အချိန်ကုန်နေတတ်တဲ့အကြောင်း Zhu သခင်လေးကတော့ မိဘရဲ့ကျောက်မျက်ရတနာလုပ်ငန်းကို ဝင်ဦးစီးနေပြီး တစ်ဖက်ကလည်း လက်ဝတ်ရတနာဒီဇိုင်းတွေဆွဲတာ ခေတ်မီပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့် ထုတ်လုပ်သမျှ လက်ဝတ်ရတနာတိုင်းဟာ အမြန်ဆုံး soldoutဖြစ်သွားတတ်ကြောင်းနဲ့ သူတို့နှစ်ယောက်က တက္ကသိုလ်ကျောင်းသားဘဝကတည်းက တစ်ယောက်နဲ့တစ်ယောက် သည်းသည်းလှုပ်ချစ်ကြတဲ့အကြောင်းတွေက ပြောလို့မဆုံးနိုင်။ အဲ့အချိန်မှာပဲ စေ့စပ်ပွဲစပြီမို့ ပရိတ်သတ်ကြီးရဲ့ အာရုံဟာ သတို့သားတွေအပေါ်ကို ကျရောက်လာတော့တယ်။ အနက်ရောင် suit ဆင်တူနဲ့ လက်စွပ်လဲနေတဲ့ ကောင်လေးနှစ်ယောက်က ချောမောတာထက် ပိုလွန်းနေတယ်။ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတဲ့ကောင်လေးတွေမှန်းသိသာစွာ အရောင်အဝါတွေတောက်လို့။
"စေ့စပ်ပွဲနေ့မရောက်မချင်း suprise လုပ်ချင်လို့ မပြဘူးဆိုတဲ့ စေ့စပ်လက်စွပ်က ဒါပေါ့"
လက်သူကြွယ်ကို စွပ်ပေးလာတဲ့ လက်စွပ်ကို ခပ်ပြုံးပြုံး ငုံ့ကြည့်နေရင်း Xukun က ZhengTingကို တိုးတိုးစကားဆိုတယ်။ ပတ္တမြားတစ်ပွင့်ကို စိန်သေးသေးလေးတွေရံထားတဲ့ ကာလတန်ဖိုးမနည်းလှတဲ့ ဒီစေ့စပ်လက်စွပ်ကို ZhengTing ကိုယ်တိုင် ဒီဇိုင်းဆွဲတာ။ Kun ကို suprise လုပ်ချင်လှပါတယ်ဆိုတာကြောင့် စေ့စပ်လက်စွပ်ကို ခုမှမြင်ဖူးတာ...