[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
လသားအရွယ်သားလေးကိုကြည့်ကာ မျက်နှာမှအပြုံးများကမဆဲ။ ခြင်းလေးထဲမှ ပက်လက်လေးဖြစ်နေသည့် သားလေးကိုကြည့်ကာ ရယ်မိသည်။ချိုလိမ်လေးတပ်ပေးထားတော့ သားလေးကမငိုပေ။
လက်သေးသေးလေး၂ဖက်အား ဆုပ်ချည်ဖြန့်ချည်လုပ်နေသည်ကအူယားစရာပင်။
ထိုလက်သေးသေးလေးထဲ သူ့ရဲ့လက်ညှိုးလေးကိုဖွဖွထည့်ပေးလိုက်တော့ တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားတော့သည်။
ငယ်သေးလွန်း၍ သားလေးက မျက်လုံးလေးပင်သိပ်မဖွင့်နိုင်။ အမြဲတမ်းလိုလိုအိပ်နေတတ်သည်။
ကိုယ်တိုင်နို့တိုက်ကျွေးရ၍ Nick ဝမ်းသာမိပါသည်။ နို့မှုန့်တွေထက် အာဟာရရှိသော နို့ရည်ကိုသာတိုက်ကျွေးချင်သည်။
"သားလေက လိမ္မာလိုက်တာ..တော်ရုံမငိုတတ်ဘူး"
၂ယောက်တည်းအခန်းထဲစကားပြောနေမိသည်။ Eaganကတော့ ကျောင်းကိစ္စအတွက် မအားပေ။
သူကိုယ်တိုင်လဲ ကျောင်း၁နှစ်ကျန်သေး၏။ ကျောင်းတွေဖွင့်နေပေမဲ့ Nickကျောင်းမသွားဖြစ်သေးပေ။
သားလေးကငယ်သေး၍ အချိန်တော့စောင့်ရ၏။ သားလေး ၁နှစ်လောက်ရောက်မှ ကျောင်းပြန်တတ်ရန်သာတွေးလိုက်တော့သည်။
ပထမတော့ Nick သားလေးမွေးပြီးရင် ကျောင်း၁နှစ်အောက်မခံတော့ဘဲတတ်ရန်တွေးထားခြင်း။
သို့သော်ထင်သလောက်မလွယ်။ သားလေးကလဲ သူ့ကိုတအားကပ်၏။ ဒါကြောင့် Nick နောက်နှစ်မှသာ ကျောင်းပြန်တတ်ရန်တွေးလိုက်ပါသည်။
Mammyကလဲလက်ခံတော့ အားလုံးအဆင်ပြေပါသည်။
Eaganကတော့ ကျောင်းဆက်တတ်၏။ တစ်ချိန်Companyကိုဦးစီးရမှာမို့ Eaganက သူ့ထက်ပိုလို့ပင်အရေးကြီးသေးသည်။
သူကတော့ သားလေးကိုသာစောင့်ရှောက်ရင်းအိမ်မှာသာနေဖြစ်သည်။
သားလေးကနားမလည်သေးပေမဲ့ တစ်ခါနှစ်ခါ မျက်နှာလေးပြုံးနေတတ်၏။ တခြားကလေးတွေလို မငိုတတ်။
ငိုရင်လဲ အကျယ်ကြီးမငိုတတ်ပေ။ သားလေးကလိမ္မာလှသည်။
"သားလေးရဲ့Daddyကကျောင်းသွားတယ်..သိပ်မကြာဘူး..ပြန်လာမှာနော်"