3. His Love

2.5K 359 288
                                    

Unicode ‼️

ကျွန်တော့်ရဲ့ တစ်နေ့တာကတော့ နေ့ဒဓူဝ ပုံမှန်လည်ပတ်ရင်း ရိုးရိုးစင်းစင်းနဲ့ ကုန်ဆုံးသွားရတာပါပဲ။

အိပ်မယ် ၊ စားမယ် ၊ ကစားမယ် ။

ဤ ၃မျိုးကို လက်ကိုင်ထားလို့
ကျွန်တော့်ဘဝလေးက သာယာလှပါတယ်။

ပိုပြီးသာယာတာကတော့
သခင့်အနားအတူရှိနေရတဲ့ အချိန်တွေပါပဲ ။

သခင်က ကျွန်တော့်ကို သိပ်ချစ်ရှာတယ်။ ထို့အတူ ကျွန်တော်ကလဲ သခင့်ကိုသာ အချစ်ဆုံးပါ ။

သူကျောင်းက ပြန်လာတာနဲ့ ကျွန်တော်နဲ့ ဆော့ကစားရတာကို သခင်က သိပ်ကြိုက်ပုံ ပေါ်ပါတယ်။
အဲ့လို သခင်နဲ့အတူ ဆော့ရတာ တကယ် ပျော်ဖို့ကောင်းပါတယ်။

တခါတရံ ခြံဝန်းကျယ်ကြီးထဲက မြက်ခင်းစိမ်းတွေပေါ်မှာ သခင်နဲ့အတူဘောလုံးလေးတွေ၊ တုတ်ချောင်းအသေးလေးတွေကို လိုက်ဖမ်းရင်း ပြေးလွှားဆော့ကစားကြတယ်။

အထူးသဖြင့် သခင်ပစ်လွှတ်လိုက်တဲ့ ဘောလုံးလေးကို ကျွန်တော့်လက်လေး နှစ်ဘက်နဲ့ တလှည့်စီပုတ်လျက်ယူရင်း သခင့်ရှေ့အရောက် ပြန်သယ်ယူလာပေးရတာကို ကျွန်တော်အကြိုက်ဆုံးပါပဲ ။

အဲ့လို သယ်ပေးနိုင်တိုင်းလဲ သခင်က "တန်နီးလေးက အတော်ဆုံးပဲ" ဆိုပြီး ပြောတတ်တယ်။

ကျွန်တော်က သခင့်အတွက် အမြဲဂုဏ်ယူစရာကောင်းတဲ့ ခွေးလေး ဖြစ်ချင်တာပါ။

***

ကျွန်တော်ကလေ ခွေးငယ်လေး ဖြစ်တာမို့ ကလေးလိုပဲ ဆော့ပြီးရင်း ဆော့နေလို့ရတယ်။

တခါတလေကျတော့လဲ သခင့်အိပ်ခန်းထဲမှာပဲ တူတူပုန်းတမ်းတို့ဘာတို့ ဆော့ဖြစ်ကြတယ်။

သခင်က အိပ်ခန်းထဲက တနေရာရာမှာ ပုန်းနေရင်း "တန်" ဆိုပီး ခပ်တိုးတိုးလေးရေရွတ်လို့ အသံပေးရင် ကျွန်တော်က အဲ့အခန်းအနှံ့ လိုက်ရှာပေးလိုက်တယ် ။

တံခါးကြားတို့ ၊ ကုတင်အောက်တို့ ၊စောင်ပုံထဲတို့ ၊ ထိုင်ခုံဘေးတို့ အဲ့လိုနေရာတွေမှာ သခင်က ဝင်ပုန်းနေတတ်တယ်။

Tannie In Love [ Completed ]Where stories live. Discover now