Unicode 📌
နောက်ဆုံးမှာတော့ Tannie In Love ဆိုတဲ့ Fic လေးက အပိုင်း (၈) ပိုင်း ၊ ထပ်တိုး Extra (၄) ပိုင်း နဲ့အတူ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။
အရှေ့အပိုင်းတွေမှာတုန်းက ဒီ Fic လေးဖတ်ပြီး
တန်နီးလေးကို ပိုချစ်သွားတယ်ဆိုတဲ့ အကြောင်း ဖိဘတ်လေးတွေရခဲ့တော့ အတိုင်းမသိ ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်။အဲ့လိုဖြစ်စေချင်တာမို့ ရေးရကျိုးလဲ နပ်ခဲ့ပြီလို့ ဆိုရပါမယ်။
ဒါပေမဲ့ မနက်က တက်လာတဲ့ Tannie လေးအကြောင်း သတင်းတွေကြားပြီးတော့ လူက တကယ် ငိုချင်သွားခဲ့ရပါတယ်။
ကလေးသေးသေးလေးက ၂ ခါတောင် ခွဲစိတ်မှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးတဲ့လေ။ ရင်တွေလဲ ကွဲရပါတယ်။ ကလေးလေး ဘယ်လောက်တောင် နာနေခဲ့မလဲနော် ။ အသက်ရှုလမ်းကြောင်း ကျဉ်းတာတဲ့။ ပြေးတာနဲ့ မောပန်းလွယ်သတဲ့ T.T
ကိုယ်တွေကတော့ ဒီအဖြစ်မှန်တွေကို မသိခဲ့ဘဲ
တန်နီးလေးကို အားကျလိုက်တာ မနာလိုဘူး ဘာညာ သာဓကာ ပြောပြီး စနောက်ခဲ့ကြဖူးတယ်လေ။အခုတော့ ပြန်တွေးလေ စိတ်မကောင်းဖြစ်လေပါပဲ။
ကလေးလေးက တကယ်တော့ ကိုကို ယောင်းလေးအနားမှာရှိရင်း အချစ်ခံထိုက်တဲ့သူလေးပါ။
တန်လေး ကြီးလာတာကို မြင်ချင်တယ်လို့
ယောင်းလေး ပြောခဲ့သလိုပဲ တန်လေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပေးရမယ်နော် ။တကယ် ချစ်ပါတယ် ကလေးလေးရေ ။
မမတို့ရဲ့ အသဲယားစရာ မဲလုံးကောင်လေးရေ ။နေမကောင်းမဖြစ်ရဘူးနော်။
အခက်အခဲအားလုံး ကြံ့ကြံ့ခံရင်ဆိုင်ပြီး
အသက်အရှည်ကြီးနဲ့
ကိုကိုယောင်းနား နေသွားပေးရမှာ ။
သိတယ်မလား ကလေးလေး။မြတ်မြတ်နိုးနိုး မွေးမြူထားတဲ့ ကလေးလေးတွေ နာမကျန်းဖြစ်မှာ ၊ နောက်ဆုံး ခွဲခွာသွားကြမှာကို တကယ် အကြောက်ဆုံးပါပဲ။
ဒီနေရာမှာ စကားစပ်လို့ ပြောပြချင်တာလေး တခုက
အရင်အပိုင်း Note ထဲမှာ ပါခဲ့တဲ့ ကိုယ့်ညီမဝမ်းကွဲလေး မွေးထားတဲ့ ခွေးလေးကို ကြည့်ရင်း ဒီဇာတ်လမ်းလေးရေးဖို့ ဗဟုသုတတွေ ရှာဖွေခဲ့တယ်လို့ ပြောဖူးတာ မှတ်မိမယ် ထင်ပါတယ်။
VOCÊ ESTÁ LENDO
Tannie In Love [ Completed ]