Destiny (Z)

435 29 1
                                    

ဒါက ကျယ်ကျဲ Chaw Thiri Thu အတွက် 💛
........

"ဆရာရှောင်းက Sean နဲ့တူလိုက်တာ ။ ကျွန်တော်ဖြင့် တကယ့်ကို လန့်ဖြန့်သွားတာပဲ"

ရှောင်းကျန့် အားရပါးရ ရယ်ချမိတော့တယ် ။ သူ ဒီနယ်ကို ရောက်မှ လူမှားခြင်းခံရတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ ။

"ပထမဦးဆုံးအကြိမ်ကဆို အဲ့ဒီလူက ကျွန်တော့်ရှေ့ ဒူးတွေထောက်ပြီး တောင်းပန်တာဗျာ ။ ကျွန်တော်လည်း အတော်ကြောင်သွားတယ်။ Mr.Sean ကို ဒီနယ်သားတွေ အတော်ကြောက်ကြတယ် ထင်တယ်"

"အာ ! ​ကြောက်လည်းကြောက် ၊ ချစ်လည်းချစ်ပေါ့ဗျာ ။ ဒီမှာ ဒါလေး ယူထားပါအုံး ။ ဒါ ကျွန်တော့် ဆေးတိုက် လိပ်စာကတ်လေး"

"ဟုတ်ကဲ့ ဒါနဲ့ Sean အကြောင်းက ဘယ်လို"

"သူက ခေတ်သစ် ရော်ဘင်ဟုဒ်လေ ။ အမြတ်ကြီးစား ဘူဇွာတွေဆီက ဓားပြတိုက်ပြီး လက်လုပ်လက်စားတွေကို ပြန်ဝေမျှတယ်။ နေရာတိုင်းမှာက ချမ်းသာတဲ့လူအချိုးနဲ့ ဆင်းရဲတဲ့လူအချိုး နှိုင်းစာရင် ဆင်းရဲတဲ့လူက အရေအတွက် ပိုများတယ် မဟုတ်လား ။ အဲ့ဒီမှာ  ကျွန်တော်တို့လို သူဆင်းရဲတွေက သူ့ကို ချစ်နေမှတော့ ဘယ်မှာ သူ့သတင်းကို အစိုးရမင်းတွေထံ သွားပြီး အကြောင်းကြားတော့မှာလဲ ။ နောက်ပြီး သူက ရုပ်ပြောင်းရုပ်လွှဲလည်း ကျွမ်းကျင်တယ်လေ။ အဲ့တာကြောင့် Seanကို ဘယ်သူမှ ဖမ်းမမိဘဲ လွတ်နေတာ"

"ဪ ဪ ကျွန်တော်နဲ့ အတော်တူတာပဲလား"

"မှန်တစ်ချပ်သာ ယူကြည့်လိုက်ဗျာ။ ဆရာမှန်ထဲ မှာ မြင်ရတဲ့မျက်နှာက အဲ့တာ ကျွန်တော်တို့ Seanပဲ "

အဲ့ဒီနောက်တော့ စားပွဲထိုးကလေးက စားစရာတွေ လာချပေးလို့ ရှောင်းကျန့်တို့ စကားစ ပြတ်သွားတယ်။ ရှောင်းကျန့်က ခပ်ရိုးရိုးအေးအေး စိတ်ပညာအထူးကု ဆရာဝန်ကလေး ။ ချောင်ကျကျ နယ်မြို့ကလေးတွေမှာ အဖွဲ့လိုက် ပရဟိတ ဆေးလိုက်ကုတယ် ။ ရထားချိန် မမီလိုက်တာကြောင့် အဖွဲ့နဲ့ ကွဲသွားပြီး အခုမှ ဒီနယ်မြို့ကလေးကို ရောက်ချလာဖြစ်တယ် ။

"ဆရာ့အဖွဲ့က လူတွေတော့ ဟိုဖက်ရွာကို ကူးသွားကြပြီ ထင်တယ်။ ဆရာ မနက်ဖြန် မနက်မှ အေးအေးဆေးဆေး လိုက်သွား​ပေါ့"

Você leu todos os capítulos publicados.

⏰ Última atualização: May 08, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Yours Onde histórias criam vida. Descubra agora