မောင်( Beginning )

52 4 1
                                    

*Warning အနည်းငယ်ပါပါမယ်*

"ကျွန်တော် ခင်ဗျားကိုမချစ်ဘူးရှောင်းကျန့် လက်ထပ်ဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်ဘူး"

'ကျစ်' ဒီကလေးကတော့လုပ်ပြီ။
သူဒီလိုအသုံးအနှုန်းကိုမကြိုက်တာသိရဲ့နဲ့...
ဒါပေမယ့်သူနားလည်ပေးနိုင်တယ် ရိပေါ်ကဒေါသထွက်ပြီဆိုဘယ်မျက်နှာမှမထောက်တတ်ဘူး
ရှောင်းကျန့်ကတော့ a little ခြွင်းချက်ပေါ့
ဒါလည်းဒီကလေးသူ့ကိုယ်သူသိမှာမဟုတ်ဘူး
မောင်ကဆိုးတယ် ဒါပေမယ့်နည်းနည်းပိန်းတယ်...

"ကိုကိုသိတယ် ​မောင်ကိုကို့ကိုမချစ်ဘူးဆိုတာ ဒါပေမယ့်ကိုကိုကတော့ချစ်တယ် ဒါလည်းမောင်သိထားပြီးသားကိစ္စ လက်ထပ်ဖို့ကိစ္စကလည်းလူကြီးတွေအားလုံးစီစဉ်ပြီးတဲ့ကိစ္စ ကိုကိုမငြင်းနိုင်သလို ငြင်းဖို့လည်းအစီအစဉ်မရှိဘူး"

"သောက်ရေးမပါတဲ့ကတိကဝတ်တွေ"

နှစ်ယောက်သားအလယ်က စားပွဲဝိုင်းကိုကန်ပြီးဆိုင်ကယ်ဦးထုပ်ဆွဲကာထွက်သွားသူကိုကြည့်ပြီးရှောင်းကျန့်သက်ပြင်းချမိတယ်။
မောင်ကဆိုးတယ် ဒါပေမယ့်သူမောင့်ကိုချစ်တယ်...

******

နှောင်ကြိုးတွေကရှောင်းကျန့်အလယ်တန်းကျောင်းသားအရွယ်မှာစတည်တယ်။
ဆယ်ကျော်သက်အရွယ်ခပ်အေးအေးရှောင်းကျန့်က တစ်ဖက်ခြံကိုရောက်လာတဲ့ဂျစ်ကန်ကန်ကလေးလေးဆီမှာ မေတ္တာမျိုးစေ့တွေ မရည်ရွယ်ဘဲအစပျိုးမိတယ်။
အမြဲတမ်းတည်နေတတ်တဲ့မျက်နှာလေးကြောင့်လား...?
ရုပ်တည်နဲ့စုပ်လုံးငုံလေ့ရှိတဲ့အပြုအမူလေးတွေကြောင့်လား...?
လက်နှစ်ဖက်ကိုစတိုင်ပန်အိပ်ကပ်ထဲထည့်ပြီး ချေမိုးနေလေ့ရှိတဲ့မျက်နှာတော်လေးကြောင့်လား...?
ဘယ်အကြောင်းကြောင့်ရယ်လို့သေသေချာချာမသိပေမယ့်
သေချာတာတော့ဒီကောင်လေးမို့လို့ဆိုတာ ရှောင်လွှဲမရတဲ့အဖြစ်တွေ...

ကံကြမ္မာကမျက်နှာသာပေးပုံပါပဲ ရှောင်းကျန့်အဘိုးတို့လက်ထက်ကတည်းကထားခဲ့ကြတဲ့ မြေးကလေးတွေမွေးရင်လက်ထပ်ပေးရမယ်ဆိုတဲ့ကတိက အချေကိုယ်တော်လေးရဲ့မိသားစုနဲ့တဲ့လေ...
ရှောင်လွှဲမရတဲ့ဖူးစာဆိုလား... မလွဲမသွေပေါင်းစပ်ပေးရမယ့်ကံကြမ္မာနှစ်ခုဆိုလား...
လူကြီးတွေရဲ့ယုံကြည်မှုဆိုင်ရာသတ်မှတ်ချက်တွေမှာ ဒီကလေးနဲ့ကိုယ်နဲ့ကဖူးစာကြိုးချည်ရမယ့်ရေစက်တွေဖြစ်ခဲ့ကြတယ်။
ရှောင်းကျန့်အတွက်တော့တစ်ဘဝလုံးမှာအပျော်ရွှင်ရဆုံးအကြောင်းအရာဆိုပေမယ့် ဝမ်ရိပေါ်အတွက်ကတော့'မဖြစ်နိုင်ဘူး'ခေါင်းစဉ်နဲ့အစချီပြီး အခုချိန်ထိဂျစ်တိုက်နေလေရဲ့။
အဲ့ဒီအချိန်တုန်းက ရှောင်းကျန့်အသက်၂၄နှစ် ​နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသားအရွယ်
ဝမ်ရိပေါ်အသက်၁၈နှစ်အရွယ်အထက်တန်းကျောင်းသား မြင်မြင်ရာဂျစ်တိုက်ပစ်ချင်တဲ့အရွယ်

မောင်Where stories live. Discover now