သတိမေ့နေသော လဝန်းဂုဏ်ကို ရှိုင်းသည် မချီကာ red room မှ ရှိုင်းအိပ်ခန်းဆီသို့ သယ်ဆောင်သွားလေသည်...။
ထို့နောက် လဝန်းကိုယ်ကို သန့်ရှင်းရေးများလုပ်ပေးကာ ကိုယ်လက်သန့်စင်စေသည်..။ လဝန်းကို ရေပတ်တိုက်ပေးနေတုန်း အရှိုးရာပေါ် ထိမိသောကြောင့် လဝန်းကိုယ်ကလေးမှာ တစ်ချက်တစ်ချက် တုန်တက်သွားလေသည်...။ ရေပတ်တိုက်ပြီး ရှိုးရာများ ဒဏ်ချက်များ ပေါ်ကို ဖွဖွလေးဆေးလိမ်းပေးနေမိသည်..။နောက်ပြီး လဝန်း၏ ကွဲသွားသော အတွင်းနေရာကိုပါ ဆေးလိမ်းပေးလေသည်..။ ထို့နောက် ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကို ဝတ်ပေးထားလေသည်..။ ထို့နောက် ရှိုင်းသည် အကိုက်အခဲပျောက်ဆေးလုံးများကို ထုချေကာ ရေနှင့်ဖျော်ပြီး ဆေးရည်ကိုငုံကိာ လဝန်းကိုချီပြီး နှုတ်ခမ်းချင်းတေ့ကာ တိုက်လေသည်...။ ထို့နောက် လဝန်းလျှာမှာ အခါးစွဲမှာကြောက်ပြီး သကြားလုံးကို ငုံထားစေသည်...။ ထို့နောက် စောင်ကို သေချာခြုံကာ.အိပ်စက်စေလေသည်...။ အပြစ်ကင်းစွာ အိပ်စက်နေသော လဝန်းကို ရှိုင်း...အသေအချာကြည့်ကာ...
"လဝန်း.. မောင့်သဲငယ်လေး...သဲငယ်ကို မောင် ဝန်ခံလိုက်တော့မယ်....""အား...ကျွတ်..ကျွတ်.."
လဝန်းသတိရလာသောအခါ နာကျင်မှုက အလုံးအရင်းဝင်ရောက်လာလေသည်..။
မျက်လုံးပွင့်ပွင့်ချင်း ကိုယ်နှင့်မရင်းနှီးသော ခံစားချက်ကြောင့် အခန်းကိုဝေ့ကြည့်လိုက်တော့ သခင့်အခန်းဖြစ်နေသည်...။ အရင်က လဝန်းက သခင့်အခန်းဘေးက အခန်းမှာနေသည်..။ ကိုယ့်အခန်းကိုယ်ပြန်ဖို့ ထလိုက်စဥ် တစ်ကိုယ်လုံးက လှုပ်မရအောင်နာလာတာကြောင့် ပြန်လှဲနေလိုက်ရသည်။ သို့သော် ရေကလဲဆာလာတာကြောင့် စားပွဲပေါ်က ရေခွက်ကို လှမ်းယူဖို့ မနိုင်နိုင်အောင် ထရတော့မည်..။ ကိုယ့်ကိုကိုယ်လည်းစိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် ဒေါသထွက်မိလေသည်..။
ရှိုင်း ဆန်ပြုတ်ပန်းကန်ယူပြီး အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာ နှုတ်ခမ်းစူပြီး လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတဲ့ လဝန်းကိုတွေ့ရလေသည်...။ နေလည်းမကောင်းသေးပဲနဲ့ ဘယ်သွားဖို့ကုန်းရုန်းထနေလဲမသိ..။
"ဟေ့...ငြိမ်ငြိမ်နေလေ...ကိုယ်လက်နာနေတုန်းမလား..."
ရှိုင်းအသံကြားလို့ ဆတ်ခနဲ့တုန်တက်သွားသော လဝန်းကြောင့် ရှိုင်း ကျိတ်ပြုံးမိလေသည်..။
ရှိုင်း စားပွဲပေါ် ဆန်ပြုတ်ပန်းကန်တင်ပြီး အခန်းထဲရှိ ခုံကို ကုတင်ဘေးသို့သို့ ဆွဲယူကာ ထိုင်လိုက်ပြီး..အနူးညံ့ဆုံးအသံဖြင့်...
"ဘာလိုချင်လို့လဲ..."
လဝန်းမှာ မျက်လုံးအဝိုင်းသားနှင့် ကြောင်လို့ကောင်းတုန်း...ဟ ဟ... ချစ်စရာကောင်းလိုက်တာ...လဝန်းက ဖြူဖြူနုနုလေး မျက်နှာက မြင်သူတိုင်းကိုဆွဲဆောင်မှုရှိစေတာ..မျက်လုံးတွေက အရမ်းအပြစ်ကင်းလို့ အရောင်ဆိုးချင်စရာ...လက်ချောင်းလေးတွေကလည်း ရှည်ရှည်သွယ်သွယ်လေး ခြေဖမိုးလေးဆို နုဥဖတ်နေရော...ကိုယ်ကလည်း သေးသေးလေးမို့ ဆွဲဖက်လိုက်ရင် ရင်ခွင်ထဲမှာ မြုပ်နေမှာ အသေအချာပဲ...ခုလည်း အိပ်ရာနိုးခါစမို့ ဖွာလန်ကြဲနေတဲ့ ဆံပင်နဲ့ မှုန်ကုတ်ကုတ်မျက်နှာကလေးကတောင် လူကို အသည်းယားအောင်လုပ်နေတာ...အဲ့တာကြောင့် ဆက်ဆံချိန်တိုင်း မရပ်တန့်နိုင်အောင် ကြမ်းကြမ်းသွားရတာ...ခုလည်းကြည့် လူကို မျက်လုံးအဝိုင်းသားလေးနဲ့ကြောင်ကြည့်နေတာ ဟင်းနော်...ဆွဲလုပ်လိုက်ရရင်..မကောင်း...
"ဟေ့...ဘာလိုချင်လို့လဲလို့..."
"ဟင်...အမ်း...ရေ...ရေသောက်ချင်လို့..."
အသံက နဲနဲအစ်ချင်နေသည်..။ ရှိုင်းလည်း စားပွဲပေါ်မှ ရေခွက်ကိုယူပေးတော့ လက်ဖက်နှင့်ယူပြီး သောက်နေသည်...။ သောက်နေရင်းနဲ့လည်း ရှိုင်းကို မျက်လုံးပင့်ကာ ခိုးခိုးကြည့်နေလေသည်...။
"သောက်လို့ဝပြီလား.."
"ဟုတ်..ဟုတ်ကဲ့.. ဝပြီ..."
"အင်း...ပေးရေခွက်...ကိုယ် ဆန်ပြုတ်တိုက်မယ်...လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်လေးပဲ ခွံ့ကျွေးတာကို စားလိုက်..ဟ."
ရှိုင်းသည် လဝန်းကို နေရာကျအောင် ပြင်ပေးရင်းပြောလာသည်...။ ဆန်ပြုတ်ကို တိုက်တော့လည်း မျက်လုံးလေးကလယ်ကလယ်နှင့် ငြိမ်ငြိမ်လေး စားလေသည်..။ လဝန်းက အရမ်းလိမ္မာတာ...တစ်ခွန်းဆိုတစ်ခွန်းပဲ..ဒါကြောင့်လဲ ရှိုင်းက လဝန်းကို မလွှတ်နိုင်တာပေါ့...
"တော်...တော်ပြီ..."
"ဝပြီလား...အိုကေ..မျက်နှာရှေ့တိုး.."
ရှိုင်းသည် သစ်ရှူးယူကာ လဝန်းနှုတ်ခမ်းမှာပေနေသော ဆန်ပြုတ်စများကို အသေအချာ ဖွဖွကလေးသုပ်ပေးနေသည်..။ပြီးနောက် လဝန်းကိုယ်ကို ထိန်းကာ အိပ်ရာပေါ် လှဲစေသည်..။ထို့နောက် လဝန်းအိပ်နေသော ကုတင်ပေါ်တက်ထိုင်ကာ လဝန်းလက်ကိုဆွဲယူပြီး..
"လဝန်း...မင်း..ငါ့ကို ရှင်းပြစရာတွေမရှိဘူးလား...အရင်ကအကြောင်းကိုလေ.."
"ဟင်...မရှိ...မရှိပါဘူး...ဘာလို့လဲသခင်.."
"မင်းငါ့ကိုလိမ်တယ်..ပြောငါ့ကိုမင်းတမင်လုပ်ခဲ့တာလား...မင်းငါ့ကိုတကယ်..မချစ်ဘူးလား..."
"အဲ့လိုမဟုတ်ပါဘူး..သခင်ရယ်...လဝန်း သခင့်ကို အဲ့ဒီကတည်း က သံယောဇဥ်ရှိခဲ့တာပါ..."
"အင်း...မင်းငါ့ကို အားကိုးလို့ရတယ်..ငါ့ကိုအကုန်ပြောပြနိုင်တယ်...မပြောလည်းရတယ်...မင်းကို ဖိအားပေးတဲ့သူတွေအကုန်လုံးကို သမပြီးပြီမို့...ငါအားလုံးကို စုံစမ်းခဲ့တယ်...မင်းအဲ့ဒီတုန်းက အကြပ်အတည်းဖြစ်နေတာ ငါမသိခဲ့ဘူး....ဒါကြောင့် တောင်းပန်ပါတယ်..ဒါပေမဲ့ ငါမင်းကို မလွှတ်ဘူး မင်းကို ငါ့အနားမှာပဲ တစ်သက်လုံးချုပ်ထားမှာပဲ မင်းကိုဘယ်သူမှမထိရဘူး... ပြီးတော့ ငါမရုန်းနိုင်တော့တဲ့ အဲ့ဒီ bdsm လောကထဲမှာ မင်းနဲ့အတူ မင်းတစ်ယောက်တည်းနဲ့ ငါအတူနေချင်တယ်...ပြီးတော့...ငါ...ငါမင်းကိုချစ်တယ်...အရင်ကတည်း က ခုချိန်ထိ ...မင်းငါ့ကိုမချစ်လည်းရတယ်...ငါပဲချစ်မယ်...ဒါပေမဲ့ ငါ့အနားက ထွက်သွားဖို့တော့ လုံးဝစိတ်မကူးနဲ့....မင်းကိုတစ်သက်လုံးချုပ်နှောင်ထားမှာ... ဘဝအဆက်ဆက်ပဲ...အဲ့ဒါ ငါမင်းကိုချစ်တဲ့အချစ်ပဲ...အတ္တတွေပါပေမဲ့ပေါ့..."
"သခင်ရယ်...ကျွန်တော်လည်း.သခင့်ကို သံယောဇဥ်ရှိလို့ အဲ့တုန်းကတည်း က အတင်းကပ်တွယ်ခဲ့မိတာပါ...သခင် ကျွန်တော့်ကို ဘယ်လိုပဲ ဆက်ဆံဆက်ဆံ စိတ်မကွပ်ခဲ့ပါဘူး...သခင်က ကျွန်တော့်ကိုပိုင်ပါတယ်...သခင်က နှင်လွှတ်ရင်တောင် ခြေသလုံးဖက်ပြီး ဒူးထောက်တောင်းပန်ပြီး သခင့်ဘေးက နေရာလေးတစ်နေရာမှာ ကပ်ခိုဖို့တောင်းပန်နေမိမှာပါ...သခင်.သွားရာနေစေရာသွားမဲ့ master's pet လိုမျိုးရှိနေမှာပါ...သခင်..."
"ဒါ...ဒါဆို..လဝန်း..လဝန်းကိုယ့်ကိုချစ်တယ်ပေါ့..ဟုတ်လား..ချစ်လားဟင်..."
"ဟီး...လ...လဝန်း...မောင့်ကိုချစ်တယ်...အရမ်းပဲ..."
"အား...ဟင့်.."
ရှိုင်းက အပျော်လွန်ပြီး လဝန်းကို ဆွဲဖက်လိုက်တာကြောင့် နာသွားရသည်..။
"အို..နာသွားလား...sorry လဝန်း..ရယ် ကိုယ်က အဲ့နေရာမှာဆို ကြမ်းတတ်လို့..."
"ရ..ရပါတယ်..."
"ဒါနဲ့ လဝန်းကိုယ့်ကို ဘယ်လိုခေါ်လိုက်လဲ ပြန်ခေါ်ကြည့်..."
"သခင်လို့.."
"မဟုတ်ဘူး..အဲ့သခင်လို့လဲမခေါ်နဲ့တော့... မောင်...မောင်လို့ပြန်ခေါ်..ခေါ်ပေးလို့..."
"မောင်.."
"ဟာ မကြားရဘူး အကျယ်ကြီးခေါ်ပေး..."
"မောင် မောင့် မောင်..."
"ဟား...ပျော်လိုက်တာကွာ...မောင်လည်းမင်းကို နာမည်ပေးမယ်..ကိုယ်ကိုယ်တိုင်လည်းအဲ့နာမည်ပဲသုံးရမယ်နော်...အခုကစပြီး...လဝန်းကို သဲငယ်လို့ခေါ်မယ်..နော် မောင် အဲ့နာမည် ခေါ်ချင်နေတာကြာပြီကွာ..."
လဝန်း သဲငယ်ဆိုတဲ့နာမည်ကြားပြီး ပြုံးဖြီးသွားလေသည်...နှုတ်မှလည်း.
"သဲငယ်...မောင်...မောင်နဲ့သဲငယ်...ဟိ.."
"ဟိတ်...ဘာတွေတိုးတိုးလေးရွတ်နေတာလဲ.."
"မောင်ပေးတဲ့နာမည်ကြိုက်လို့ ရွတ်ကြည့်နေတာ..."
"ဟားဟား...ခစ်ခစ်..."
နှစ်ယောက်ပြိုင်တူရယ်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံလေတော့သည်...။ သဲငယ် မောင့်မျက်နှာကိုကြည့်ရင်း ရေဆာလာပြန်သည်...။ မောင့်မျက်နှာကလေ အညှို့ဓာတ်အပြည့်ရှိတာ...မောင့်ရဲ့မည်းနက်နေတဲ့မျက်ခုံးတန်းလေး စူးရှနေတဲ့ မျက်ဝနိးညိုလေး ဖြောင့်ချွန်နေတဲ့နှာတံလေး ရိတ်ပြီးခါစ နှုတ်ခမ်းမွှေးရေးရေးလေးတွေ ကော့တာလည်းမဟုတ် ဖြောင့်နေတာလည်းမဟုတ်တဲ့ မျက်တောက်မွေးရှည်ရှည်လေးက ယောကျာ်းပီသစေတယ်..။ ပြီးတော့ နှုတ်ခမ်းပါးပါးလေး..နီဆွေးဆွေးအရောင်လေးနဲ့ မေးစေ့ချွန်ချွန်လေးနဲ့ လိုက်ဖက်နေလေသည်..။ မောင့်ရဲ့ ရုပ်ရူပကာကို စာဖွဲ့ရင်တောင် ပြီးနိုင်မှာမဟုတ်တော့ဘူး...မောင်က သဲငယ်မျက်နှာနား ကပ်လာပြီး သဲငယ်နှုခမ်းတွေကို ဖွဖွလေးထိရုံနမ်းလာသည်..။ တဖြည်းဖြည်း အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကို တလှည့်စီ စုပ်ကိုက်လေသည်...။ ထို့နောက် ခံတွင်းထဲဝင်လာသော မောင့်လျှာနွေးနွေးလေးက လူကိုရူးစေနိုင်သည်အထိ..။ မောင်က အားမရပဲ မောင့်လက်တစ်ဖက်က သဲငယ်လည်တိုင်ဆီသို့ နောက်တစ်ဖက်က ပါးစောင်ကိုကိုင်ကာ အားရပါးရကို နမ်းရှိုက်လေတော့သည်..။ မက်မက်မောမော စုပ်ယူနမ်းရှိုက်ပြီးနောက် မခွာချင်ခွာချင်ဖြင့် အောက်နှုတ်ခမ်းလေးကို မရောင့်ရဲနိုင်စွာ ကိုက်လိုက်တော့သည်..။ နှုတ်ခမ်းချင်းဖယ်ခွာတော့ လက်ကျန်သံယောဇဥ် အမျှင်တန်းလေးက ကူးလူးဆက်သွယ်စေတယ်...။ ဖယ်ခွာလိုက်တော့ ပါးနှစ်ဖက် နီရဲစွာနဲ့ ရှက်ရွံ့ရွံ့မျက်နှာလေးက ဦးနောက်ထဲ စွဲကျန်စေတယ်...ဒါဟာ သူတို့နှစ်ယောက်ရဲ့ ပြန်လည်မွေးဖွားလာတဲ့ အချစ်တွေရဲ့အထိမ်းအမှတ်အနေနဲ့ ပထမဆုံးအနမ်းဖြစ်တယ်...နှစ်ကိုယ်တူနားလည်မှုရှိစွာ တည်ဆောက်တော့မဲ့ အချစ်ခရီး...တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်က ဖြည့်စည်းပေးရင်း ဖေးကူပေးရင်း.....အချစ်အကြောင်းတွေပြောပြီး နှစ်ကိုယ်တူ အိပ်စက်ခြင်းဆီသို့....အိပ်မက်ထဲမှာလည်း အတူတူ ဘဝ က လှပလို့နေတယ်...