(Unicode)
Bathrobeထဲသောက်နေကျဝိုင်ကိုသောက်ရင်းတစ်နေ့တာအမောတွေကိုဖြေနေမိသည် ကိုယ်ကချစ်နေရသူမို့ချစ်ရတဲ့ခံစားချက်ကိုကြောက်သည် ခုတော့မာမီတို့ပြောတဲ့အတိုင်းနေသားကျလာပြီ ချစ်သင့်သည့်လူတစ်ယောက်ကိုရှာပြီးချစ်ဖို့အချိန်ရောက်လာပြီလို့ထင်သည် ဒါပေမယ့်ကြောက်လှသည်ကိုယ်ခံစားဖူးတဲ့ဒီအသည်းခွဲခံရတဲ့ခံစားချက်ကိုထပ်ခံစားရမှာ ဒါပေမယ့်တစ်ခေါက်လောက်တော့စွန့်စားသင့်သည်မလား
*Ring Ring....*
"Hello ငရှိန်းမလာသေးဘူးလားကွာ"
"အချိန်မှီရင်ပြီးရောပေါ့ကွာ"
"ဒီနေ့ပွဲကို ဟိုကောင်ပနေပိုင် လည်း လာမှာတဲ့"
"ဂရုစိုက်စရာရှိလို့လားကွာ"
"မရှိဘူးလေ မသာရဲ့သတင်းပြောပြထားတာ"
"အေးအေး အဲ့ဆိုဒါဘဲ"
နေပိုင် နေပိုင် ဒီကောင်ငယ်ငယ်ထဲကရှိန်းကိုလိုက်ပြိုင်သည် ရှိန်းလည်းပြိုင်ရတာကြိုက်ပေမယ့် လူတစ်ယောက်ကိုအငြိုးထားပြီးလိုက်ပြိုင်တာမျိုးတော့ ရှိန်းမကြိုက်
ရှုံးရင်ရှုံးကြောင်းလက်ခံတတ်ရမည်
ဒီကောင်ဘာဇယားတွေရှုပ်အုန်းမလဲမသိဒီနေ့တော့ရှိန်းblack shirt နဲ့ jean pantကိုသာပေါ့ပေါ့ပါးပါး၀တ်ထားသည်ဒီနေ့အါတီပွဲမှာ ထင်းနေရင်းအနားကိုလာမည့်သူများကြောင့်ရှိန်းအနေခက်ရမည့်ရန်မှကြိုရှောင်ထားရမည်
#########
ဪတွေ့ပြီနောက်ကျလို့ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အအော်ခံရတော့မယ်ဆိုတာliamကျိန်းသေသိသည် အထွန်းနဲ့ရတီက အထက်တန်းထဲကပေါင်းလာတာခုထိဘဲ သူ့အကြောင်းကိုယ်သိကိုယ့်အကြောင်းသူသိတွေလေအခုလည်း ဟော့ပေါ့တစ်ဝိုင်းရယ် ရုပ်ရှင်အလကားပြမယ်ဆိုပြီးခေါ်လိုက်ရတယ်
"ကဲ liamမရယ်ကြာလိုက်တာ ရုပ်ရှင်ကစနေပြီ""အေးပါ ငါရောက်ပြီသွားမယ်လေ"
ရုပ်ရှင်ကတော်တော်လေးကောင်းသည်ဟုဆိုရမည် Dramaကြီးလည်းအရမ်းမချိုးအနိမ့်အမြင့်လည်းညီသည်အနှစ်သာရက ခံစားရသိပ်ကောင်းသည် ဒီကားကိုကြည့်ကာငိုသူများလည်းရှိသည်ထိုထဲတွင် ရတီနဲ့ကိုယ်ကထိပ်ဆုံးက
YOU ARE READING
သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) Completed
Romanceငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပိုးဦး (liam) မင်းကိုငါ့ရဲ့စာချုပ်ဇနီးဆိုတာထက် ပိုပြီးညှိတွယ်မိနေပြီ (ရှိန်းဇော်ခ) ဒီဇာတ်လမ်းလေးက မိဘတွေသဘောတူမှုကြောင့်လက်ထပ်လိုက်ရတဲ့လူနှစ...