"ကိုယ်တော် မင်းကို မြတ်နိုးတယ် ဝမ်"
ရှောင်းဘုရင်ရဲ့ စကားကို ကြားပြီး ဝမ်ရိပေါ် ဟာ အလန့်တကြား နဲ့ သူ့ကိုဖက်တွယ်ထားတဲ့ရှောင်းဘုရင် လက်ထဲကနေ ရုန်းထွက်လိုက်မိတယ်။
"ဝမ်"
ရှောင်းဘုရင်ဟာ သူ့အပြုအမှုကြောင့် စိတ်မကောင်းဖြစ်တဲ့အသံနဲ့ သူ့ကို ကြည့်ကာ ခပ်တိုးတိုးရေရွတ်တယ်။ ဝမ်တဲ့လား...ဘာလို့ အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ရတာာလဲ။
"ဝမ်...ကိုယ့်တော်ကို သံယောစဉ်မရှိဘူးလား"
"ကျွန်တော်မျိုးမ တို့က မဖြစ်သင့်ပါဘူး အရှင်"
"ဘာလို့ မဖြစ်သင့်ရတာလဲ ဝမ်..ကိုယ်တော်က ကိုယ့်တော် မိဘုရားကို မြတ်နိုးတယ်ပြောတာ ဘာလို့ မဖြစ်သင့်ရမှာလဲ"
ရှောင်းဘုရင် ကို ကြည့်ပြီး ဝမ်ရိပေါ် စိတ်မကောင်းဖြစ်သွားတယ်။ သူက မိန်းကလေး တစ်ယောက်မှမဟုတ်တာ။ ရှောင်းဘုရင်ရဲ့ မြတ်နိုးမှု့ကို ခံယူသင့်တဲ့ လူမဟုတ်ဘူး။
ရှောင်းဘုရင်က သူ့ပခုံးနှစ်ဖက် ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး..
"ခု ကိုယ့်တော်အပေါ်ထပ်တူ မတုံ့ပြန်နိုင်လဲ ရတယ် ဝမ်..ကိုယ်တော်စောင့်နိုင်တယ်..တစ်နေ့ ဝမ် ကိုယ့်တော်ကို မြတ်နိုးလာမယ်လို့ ကိုယ်တော်ယုံကြည်တယ်"
"အရှင်..."
"မနက်ဖြန် ဝမ်ကို ကိုယ်တော်ဧကရီအဖြစ် တင်မြှောက်မယ်"
"အရှင်...ဒါက အရမ်းမမြန်လွန်နေဘူးလား"
"ဝမ်နိုင်ငံ က စာပို့လိုက်တယ် ဝမ်...ဟန်လူမျိုးတွေ ဝမ်နိုင်ငံ နယ်စပ်ကို ရောက်နေပြီ...စစ်ပွဲက အချိန်မရွေး ဖြစ်လာတော့မယ်..ကိုယ်တော်မသွားခင် ဝမ်ကို ဧကရီအဖြစ် တင်မြှောက်သွားမယ် "
ရှောင်းဘုရင်က သူ့နဖူးကို ဖွဖွနမ်းကာ..
"ကောင်းသော ညပါဝမ်..မနက်ဖြန်မှ တွေ့မယ်"
ပြောပြီးနှုတ်ဆက်ကာ ထွက်သွားသည်။ ရှောင်းဘုရင် ထွက်သွားသည်နဲ့ ဝမ်ရိပေါ် သက်ပြင်း အရှည်ကြီးကို ချလိုက်မိသည်။ ဘယ်လို လုပ်ရမလဲ။ သူက ဝမ်နိုင်ငံ ရဲ့ အိမ်ရှေ့မင်းသားလေ။ ပြီးတော့ ယောကျာၤးလေး တစ်ယောက် ။ ရှောင်းဘုရင်ရဲ့ ဧကရီအဖြစ်နဲ့ ရှောင်းနိုင်ငံမှာ တစ်သက်လုံး နေလို့မရဘူး။ ဧကရီဖြစ်ပြီးသွားရင် ရှောင်းနိုင်ငံက နေ သူရုန်းထွက်လို့ရတော့မှာမဟုတ်ဘူး။အဖြစ်မှန် ပြောပြီး ငြင်းလိုက်ရင်လဲ ရှောင်းဘုရင် အမျက်တော်ရှပြီး ဝမ်နိုင်ငံ ကို ကူညီတော့မှာမဟုတ်ဘူး။
ဒီအခြေနေကို သူဘယ်လို ဖြေရှင်းရမလဲ။
ဝမ်ရိပေါ် သူ့ဦးနှောက်တွေကို အလုပ်ပေးကာ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားသည်။