chapter 27

837 38 3
                                    

  This  episode is only for above 16 years old.

   ထွဋ်မြတ်မင်းခေါင်သည် ဝေဟင်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။ ဘာလို့သည်အချိန်ကျမှ လာရတာလဲ။ ပြီးတော့ တံခါးဝမှ ကြောင်တောင်တောင်နဲ့ ပြူးကြည့်နေသေးသည်။ အယ်လီယာနာသည် အဝတ်အစားတို့ကို ပြန်ပြင်ဝတ်ကာ ထွဋ်မြတ်မင်းခေါင်ကိုယ်ပေါ်မှ ထလိုက်သည်။

"အဲတာဆို နောက်တစ်ကြိမ်မှ ဘုတ်ဖွဲ့တွေနဲ့ တိုင်ပင်ပြီး အကြောင်းပြန်လိုက်ပါ့မယ် "

"နောက်တစ်ကြိမ်မှ အပြင်မှာ အေးဆေးတွေ့ကြတာပေါ့ အယ်လီယာနာ "

   ထွဋ်မြတ်မင်းခေါင်သည် အယ်လီယာနာကို အခန်းပြင်ထိ လိုက်ပို့ပေးသည်။ ဝေဟင်သည် တံခါးဝနားမှာ ရပ်နေဆဲဖြစ်သည်။ ထွဋ်မြတ်မင်းခေါင်သည် တံခါးကို ဂျိမ်းခနဲ မြည်အောင် ပိတ်လိုက်တော့မှ အသိပြန်ဝင်တော့သည်။ အယ်လီယာနာသည် ဝေဟင်သည် မျက်စောင်းနှင့် တစ်ချက်ကြည့်ကာ ထွက်သွားသည်။ အယ်လီယာနာသည် လှပသော အနောက်တိုင်းမိန်းကလေးတစ်ယောက်ဖြစ်သည်။။ရွှေအိုရောင်ဆံပင်၊မျက်လုံးစိမ်းစိမ်းလေးနှင့် ထူးထူးခြားခြားလှပလေသည်။ ထွဋ်မြတ်မင်းခေါင်လို သူက သည်လိုချောသော ကောင်မလေးနှင့် ပရောပရည်လုပ်နေသည်က  မှန်သော်လည်း သည်နေ့တွင် ဝေဟင်စိတ်က ပုံမှန်ဖြစ်မနေပါ။ ပြုတ်ကျနေတဲ့ အိတ်ကို ယူကာ ပြင်ဆင်နေလေသည်။ ထွဋ်မြတ်မင်းခေါင်သည် အလိုမကျမှုကြောင့် အသက်ရှုသံပြင်းနေသည်က တိတ်ဆိတ်သော အခန်းထဲဝယ် ပဲ့တင်သံသကဲ့သို့ ဖြစ်နေသည်။ ဝေဟင်ပြင်ဆင်ပေးပြီးနောက် ထွဋ်မြတ်မင်းခေါင်က ဘာမှ မဆိုဘဲ အေးဆေးစားနေသည်။ ဝေဟင်က တောင့်တောင့်ကြီးရပ်ကာ ခေါင်းထဲမှာ ပူထူနေသည်။

ဝေဟင်တွေးနေသည်က တခြားဟာမဟုတ်။ မှူးကို ဖြစ်သည်။ တကယ်လို့ မှူးသာ သိလျှင်ရော ? သူတို့ ၂ယောက်က တရားဝင်အတွဲတွေ မဟုတ်လော။ ထွဋ်မြတ်မင်းခေါင်ကရော ဘာမှ မဖြစ်ဘူးလား။ သတင်းတွေထွက်နေရင်ရော ဘာမှ မထိခိုက်ဘူးလား။ သူသာ မရောက်လာရင် ဘယ်အခြေအနေထိများ ရောက်ကုန်မလဲ။ အယ်လီယာနာကို သူတစ်ခါ နှစ်ခါမျှတော့ တွေ့ဖူးသည်။ သူက ကောင်းကောင်းမွန်မွန်လေးနှင့် ထွဋ်မြတ်မင်းခေါင်ရဲ့ အကြိုက်ပုံစံလေးပဲ ဖြစ်သည်။တံခါးထိတော်လိုက်ပို့တာဆိုတော့ သာမန်အဆင့်တော့ မဟုတ်။  ထွဋ်မြတ်မင်းခေါင်၏ နောက်ပိုင်းတွဲသမျှထဲမှ အယ်လီယာနာက တစ်မူထူးခြားစွာ လှပနေသည်။ ဝေဟင် သူ့ကိုယ်သူတော့ အယ်လီယာနာနဲ့ မနှိုင်းရဲပါ။ သူတို့က တခြားစီလေ။ ဒါနဲ့နေစမ်းပါဉီး .။ နောက်တစ်ကြိမ် တွေ့ကြမယ်ဆိုတာကရော။ ဘုရားရေ ငါအတွေးလွန်နေပြီလား? ဝေဟင်သည် တစ်ယောက်ထဲ လား ပေါင်းများစွာနဲ့ တိတ်ဆိတ်စွာ တွေးနေသဖြင့်ထွဋ်မြတ်မင်းခေါင်၏ စူးစိုက်ကြည့်နေမှုကို သတိထားမိခဲ့ပေ။

UP TO U 《 မင်းရဲ့ သဘောအတိုင်းပါပဲ》Where stories live. Discover now