chapter 35

818 44 5
                                    

အခုရက်ပိုင်းတွင် ဝေဟင်မှာ ထူးထူးခြားခြားအလုပ်မရှိပေ။ အိမ်မှာနေရင် ဦးလေးAndrewနဲ့စကားပြောရင်း ချက်ပြုတ်လိုက်၊အလုပ်ကြိုပို့လုပ်လိုက်၊ကိုထူးဆီသွားလိုက်နှင့် အတော်ကို အေးဆေးနေသည်။ ထွဋ်မြတ်မင်းခေါင်ကလည်း ဦးလေး ရောက်နေသဖြင့် သူ့ကိုသိပ် မနှိပ်စက်တော့ပေ။ကသိကအောက် အခြေအနေအနည်းငယ်ရှိပေမဲ့ ဝေဟင် စိတ်မပူရပါ။ သည်မနက်တွင်လည်း Andrewကို ဝေဟင်က chicory(ချီကိုရီ)အမှုန့်နဲ့ ကော်ဖီ ဖျော်ပေးနေသည်။ Andrewက ဝေဟင်ကို ဟိုတယ်တစ်ခုတွင် စားဖိုမှူးလျှောက်ရန် ခနခနတိုက်တွန်းလေသည်။ ယွမ် ၄၀၀၀ ကနေ ၆၀၀၀ အကြားရအောင် သူပြောပေးမည် ဟု ဆိုသည်။ ဝေဟင် လုပ်တော့လုပ်ချင်မိသည်။ ။

"ကော်ဖီနဲ့အတူတူပဲ "

"ဟုတ်တယ် သူက ချီကိုရီပန်းကနေ အမှုန့်လုပ်ထားလေ ကော်ဖီလောက် မဟုတ်ပေမဲ့ သူလည်း တူတူပါပဲ "

"ကိုယ်ကြိုက်တယ် မင်းချက်တာတွေက ကိုယ်နဲ့ တော်တော်ကို ခံတွင်းတွေ့မိတယ် ကိုယ်က အသက်အရွယ်လေးနည်းနည်း ရလာတော့ အိမ်သူတစ်ယောက်လောက်တော့ လိုချင်မိသား "

"အစ်ကိုကြီး Andrewနဲ့ လိုက်ဖက်မယ့် သူကို မကြာခင် ရှာဖွေနိုင်ပါစေဗျာ"

"ဝေဟင် "

"ဗျာ "

"ကိုယ် တစ်ခုလောက်ပြောလို့ရမလား မင်းကို ကိုယ့်လက်အောက်ခံ ဝန်ထမ်းတစ်ဦးလို မဟုတ်ဘဲ လူ လူချင်းအနေနဲ့ပဲ ပြောချင်တယ် ကိုယ့်ဘဝမှာ အရာရာက ခက်ခဲခဲ့တယ် များစွာတဲ့အရာတွေကို ကိုယ်စတေးခံပြီး ထိပ်ဆုံးရောက်အောင် ကိုယ်ကြိုးစားခဲ့တယ် ကိုယ်အခု ထိပ်ဆုံးရောက်တော့ ကိုယ့်အနားမှာ ဘယ်သူမှ မရှိတော့ဘူး ရှိတဲ့သူတွေကလည်း အစစ်အမှန် မဟုတ်တော့ဘူး ကိုယ်ဘာလို့ ​အခုလို ပြောနေတာလဲဆိုတာ ဝေဟင် ဝေခွဲရခက်နေမယ် ဆိုတာ သိပါတယ် ကိုယ်ပြောတာလေးကို ပြီးအောင် နားထောင်ပေးပါ ဝေဟင်က ကိုယ်လိုချင်တဲ့ ပုံစံပဲ ကိုယ် မင်းကို မြင်မြင်ချင်း သဘောကျမိတယ် ကိုယ့်မှာ အရာရာကို ရနိုင်ပေမဲ့ ကိုယ်လိုချင်တဲ့ ကိုယ့်အနားက အတည်တကျ အိမ်သူလေးကို ကိုယ်လိုအပ်တယ် မနက်ခင်းတိုင်း ကိုယ်နဲ့အတူနိုးထနိုင်မယ့် တစ်စုံတစ်ယောက် ၊ကိုယ်နဲ့ ဟင်းလျာတွေကို မြည်းစမ်းပေးနိုင်မယ့် အိမ်ရှင်မလေး တစ်ဦး ၊ ကိုယ်နဲ့ အတူကောင်းတူဆိုးဖက် တိုင်ပင်နိုင်မယ့် လက်တွဲဖော်တစ်ယောက်ကို ကိုယ်လိုချင်မိတယ် အဲအတွက်ကိုယ်တရုတ်ကို လာခဲ့တယ် ကိုယ်က လူတန်းစားခွဲခြားတတ်တဲ့သူ မဟုတ်ပါဘူး မင်းသာ လက်ခံမယ်ဆိုရင် ကိုယ် မင်းကို တရားဝင်လက်ထပ်ပါရစေ "

UP TO U 《 မင်းရဲ့ သဘောအတိုင်းပါပဲ》Where stories live. Discover now