Just U [ZG]

234 20 0
                                    

March _ 9; 2018

မွေးနေ့တွေကို လူတိုင်းနှစ်သက်တတ်လေ့ရှိပေမယ့်
ကျနော့်အတွက်တော့ ၂၉ နှစ်မြောက် မွေးနေ့ဟာ အနည်းငယ်တော့ စိတ်ပျက်စရာ ကောင်းနေခဲ့တယ်

ရှေ့ဆက်မတိုးသင့်တဲ့ ခြေလှမ်းတို့အတွက် အပြစ်ဒဏ်က ကြီးမားလွန်းခဲ့တယ်

နံပါတ် တစ်; ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းခြင်း
နံပါတ်နှစ် ;
ပါးစပ်ကသာ တစ်ဖွဖွပြောနေပေမယ့်
တကယ်တမ်းကျ တန်ဖိုးမထားမိခဲ့ခြင်း
နံပါတ်သုံး;
လူတစ်ယောက်ကို ဖမ်းဆုပ်ထားနိုင်ဖို့အထိ အင်အားမရှိခဲ့ခြင်း

အပိုဆု; အချစ်ဆိုတဲ့အရာကို အလောင်းအစားလုပ်မိခြင်း

ဘာမှမပြောရသေးခင်မှာပဲ ခေါင်းခါငြင်းဆိုကာ အတင်းထွက်ပြေးသွားခဲ့တဲ့ ကောင်ငယ်လေး
နောက်ကွယ်မှာ ဘာတွေထပ်ရှိသေးတယ်ဆိုတာကို မသိရလည်း လိမ်နေမှန်း သိသာလွန်းလှတဲ့ မျက်လုံးလေးတွေ

နှစ်ယောက်လုံးနာကျင်ရမည့် လမ်းကို သာ အလွယ်လေးရွေးသွားတဲ့ မင်း
တစ်ကြိမ်တစ်ခါလောက်တောင် ရူးမိုက်စွာ ဖမ်းဆုပ်မထားခဲ့တဲ့ ကိုယ်

ဘယ်သူမှားတယ် မှန်တယ် ဆိုတာ ထပ်မစဉ်းစားတော့ပဲ
ဒီနေရာမှာတင် မေ့ပစ်ဖို့ ကိုယ်ကြိုးစားသွားမယ်

မချစ်ခဲ့လို့တော့ မဟုတ်ဘူး ကလေးငယ်
ရှေ့ဆက်တိုးလေ နာကျင်မှုတွေက နက်ရှိုင်းလာလေမို့
အဆုံးသတ်ခြင်းလမ်းကိုသာ ကိုယ်ရွေးချယ်တော့မယ်

သို့ပေမယ့်..............

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
▪▪▪▪▪▪▪▪▪▪▪

အခန်းတံခါးကို ခေါက်လေ့မရှိတဲ့ ထယ်ယောင်း
ခြေလှမ်းနှစ်လှမ်းလောက် လှမ်းရုံနဲ့ ကျနော့်ဘေးကို ရောက်လာပြီဖြစ်တယ်

" ဝါး...
မင်ယွန်းဂီကြီးက အခန်းရှင်းနေတာလား "

မကြာသေးခင်ကမှ ​ဝေဝါးနေတဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုချကာ ပစ္စည်းဟောင်းတစ်ချို့နဲ့ စာအုပ်တစ်ချို့ကို ရှင်းထုတ်ထားတဲ့ စက္ကူဘူးပေါ် တက်ထိုင်လိုက်တယ်
အောက်သို့ပြုတ်ကျသွားတဲ့ ခပ်ဝါးဝါး ဓာတ်ပုံ လေးကြောင့် ရီမောကာ နောက်ပြောင်နေတဲ့ ထယ်ယောင်းရဲ့ မျက်နှာဟာ အနည်းငယ် ပျက်ယွင်းသွားသလိုပင်

𝙎𝙩𝙞𝙡𝙡 𝙇𝙤𝙫𝙚 𝙐 ➹Where stories live. Discover now