“အကိုလေးဘတ်ဟျွန်း လာပါတယ် Boss”
အပြင်ဘက်က အတွင်းရေးမှူးက တစ်ဆင့်သတင်းပို့လာတာနှင့် ချန်းယောလ် အလုပ်စားပွဲကနေ ချက်ချင်းထလိုက်သည်။ဒီကောင်လေးက ဘယ်တော့မဆို ချန်းယောလ်အလုပ်ခန်းထဲကို လက်လွတ်စပယ်ဝင်မလာတတ်ဘဲ အတွင်းရေးမှူးကတစ်ဆင့် ခွင့်တောင်းတတ်တာလေးကိုလည်း သဘောကျရသည်။
ဟော.တွေ့ရပါပြီ။ညိုဖျောဖျော့ရှပ်အင်္ကျီရှည်ကို ဂျင်းဘောင်းဘီအနက်ဖြင့် တွဲဝတ်ထားသည့် ခပ်ရိုးရိုးကောင်လေး။ကျောမှာက ကျောပိုးအိတ်လေးက လွယ်ထားသေးသည်။သူ့ကိုမြင်တာနှင့် လှိုက်လှိုက်လှဲလှဲပြုံးပြတတ်တာလေးကလည်း သူ ပိုပြီးသဘောကျရသည့်အချက်။
“ကိုကို.”
“လာ.. ဟျွန်းနီး ဒီနေ့ အတန်းချိန်မရှိဘူးလား။”
ဘတ်ဟျွန်းလက်ကလေးကိုဆွဲကိုင်ယူလျက် ဆိုဖာတွင် နှစ်ယောက်အတူဝင်ထိုင်လိုက်သည်။ဘတ်ဟျွန်းက ကျောပိုးအိတ်လေးချွတ်လျက် ဘေးကခုံပေါ်တွင်တင်၏။
“အတန်းကရှိပါတယ်။ဒီနေ့ ကျွန်တော် နည်းနည်းပင်ပန်းနေသလိုဖြစ်လို့ နားချင်လို့။ဒါပေမဲ့ ကိုကို့ကို လာခဲ့မယ်လို့ကပြောပြီးသားဖြစ်နေတော့”
“ဟာကွာ. နေမကောင်းရင်ဖုန်းလေးတစ်ချက်ဆက်ပြီး ကိုယ့်ကိုပြောလိုက်တာမဟုတ်ဘူး။ တစ်ခါတည်း အိမ်လိုက်ပို့ပေးမှာပေါ့။”
ဆုပ်ကိုင်ထားပြီးသားဖြစ်သည့် ဘတ်ဟျွန်းလက်နှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း စိုးရိမ်စွာပြော တော့ ဘတ်ဟျွန်းက ခပ်စူစူလေးကြည့်သည်။
“ပြီးရင် ဟျွန်းနီးက ကိုယ့်ကိုဂရုမစိုက်ဘူး။သေချာလည်းမပြောဘူး။လာမယ်ဆိုပြီး အဲ့လိုမျိူး တောက်လျှောက် ကိုကိုက ပြောတော့မှာလေ။ကျွန်တော်မသိတာကျလို့”
ဒီလိုဆိုတော့လည်း ချန်းယောလ်ကခပ်ဖွဖွရယ်သည်။ဟုတ်တော့လည်းဟုတ်နေတာပဲ။သူ ဘတ်ဟျွန်းကို သဝန်ကလည်းတိုသေးသည်မို့။ပြီးတော့ ဘတ်ဟျွန်းက သူ့ကိုလျစ်လျူရှုမှာလည်း သူ အတော်လေးကြောက်သည်။
“ဟုတ်ပါပြီ။ကိုကိုကမှားပါတယ်။ကဲ လာ. ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ် တစ်ခုခုစားချင်သေးလား၊”