"Yoongiရောက်လာပြီကိုး"
Robinရဲ့စကားအားပြန်မဖြေပဲခပ်တည်တည်Meeting လုပ်တဲ့ခန်းမထဲဝင်လာလိုက်သည်။
"ငါဒီနေ့နောက်ကျတယ်။ဘာလို့ဆိုဒီလူမျက်နှာကိုကြည့်မရလို့"
သူ့ရှေ့ကရှယ်ယာရှင်တွေနဲ့ဝန်ထမ်းတွေကိုပြတ်ပြတ်သားသားအဖြေထုတ်လိုက်သည်။တကယ်တော့Yoongiရဲ့တကယ့်စီးပွားရေးကကိုရီးယားမှာမဟုတ်.....ကိုရီးယားကလုပ်ငန်းကသူနဲ့သူ့သားတွေအလိုကျသုံးဖို့သာ....တကယ့်စီးပွားရေးလုပ်ငန်းတွေကဂျပန်နဲ့ကနေဒါမှာပင်.....သားနှစ်ယောက်ကကိုရီးယားကိုသဘောကျသည်မို့ဒီမှာသာအခြေချနေမိသည်။
"အော်.....ကိုယ့်မျက်နှာကိုကြည့်မရလို့လား"
"သေချာတာပေါ့.....အဲ့တာကြောင့်Meetingလုပ်နေတုန့်ကျုပ်မျက်နှာကိုမကြည့်ရင်ကောင်းမယ်။အမှန်တိုင်းပြောရရင်ခင်ဗျားအဖေနဲ့အလုပ်တွဲလုပ်ခဲ့လို့အခုထိသည်းခံနေတာ.....ကျုပ်ကိုဂရုမစိုက်သလိုပြုမူတာမလေးမစားပြုမူတာတွေမလုပ်ရင်ကောင်းမယ်"
Yoongiသူပြောချင်တာပြောပြီးသူနဲ့အတူပါလာတဲ့အတွင်းရေးမှူးလက်ထဲကfileတွေကိုယူကာ
"ကဲစမယ်"
-
-
-
-
-
-
အစည်းအဝေးပြီးသွားတော့လည်းပင်ပန်းနေတာကြောင့်ရုံးခန်းထဲနားနေမိသည်။"📱📱📱📱"
Yoongiအံဆွဲထဲထည့်ထားတဲ့ဖုန်းကိုယူကာခေါ်ဆိုတဲ့ contact အားကြည့်လိုက်သည်။
ပြုံးရွှင်ကာဖုန်းကိုင်လိုက်သည့်Yoongi
"Hello.....သားMinလေးပြော"
"Taeလေ....သားဆီကကားသော့ယူပြီးClubကိုထွက်သွားတယ်"
"သားTaeကျောင်းတက်ခိုင်းတာကိုကွာ"
Yoongiစိတ်တိုစွာစုပ်သပ်ရင်းပြောမိသည်။
"သားသူ့ကိုပြန်ခေါ်လာခဲ့မယ်"
"အေး....သားကိုအားကိုးမယ်ကွာ....Papaကအလုပ်တွေများနေလို့"
Yoongiပြောရင်းစိတ်ပူနေတာကိုလျော့ချမိသည်။
"ဟုတ်ဒါပဲ.....Papa"
တဖက်ကဖုန်းချသွားသည်နှင့်Taeကိုအသည်းအသန်ခေါ်မိသည်....Taeကထုန်းမကိုင်....သူစိတ်ပူသည်.....Clubဆိုတဲ့နေရာကအန္တရာယ်များသည်လေ....လိုက်သွားချင်မိသည်။ဒါမဲ့လည်းသူ့အလုပ်တွေရှိသေးသည်မို့စိတ်လျော့ထားလိုက်သည်။
YOU ARE READING
Our Papa(complete)
Romanceမိဘမဲ့ကျောင်းကကလေးနှစ်ယောက်ကိုမွေးစားခဲ့ရာကကလေးတွေကိုအရွယ်ရောက်သည်ထိပျိုးထောင်ပေးခဲ့တဲ့MinYoongi ပြောင်းလဲလာတဲ့အရွယ်တွေကြားမှာသားနှစ်ယောက်ရဲ့စားဖို့ချောင်းနေတဲ့အခြေအနေကိုMinYoongiကျော်ဖြတ်နိုင်ပါ့မလား