5

2.3K 181 49
                                    

Yoongiကမ်းခြေမှာpartyတစ်ခုရှိတာကြောင့်ပွဲကိုသွားမိသည်။ဟိုနှစ်ယောက်ကိုတော့မလိုက်လာဖို့အော်ဆူကာထားခဲ့ရသည်.....ဆေးလိပ်သောက်တာတောင်လွန်နေပြီ....အရက်တော့မသောက်စေချင်....

"Min Yoongiလားရှင့်"

ရုတ်တရက်နှုတ်ဆက်လာတဲ့သူကြောင့်Yoongiခေါင်းငြိမ့်ပြလိုက်သည်။

"တွဲကရအောင်"

ကောင်မလေးဘက်ကယဥ်ကျေးစွာတောင်းဆိုလာပေမယ့်သူကဘယ်သူလဲအချေလေ...သားတွေကလွဲပြီးဘယ်သူမှသောက်ဂရုမစိုက်.....

"မကတတ်ဘူး"

"အဲ့တာဆိုအရက်အတူသောက်ရအောင်"

ကောင်မလေးဘက်ကအရက်ခွက်မြှောက်ပြရင်းအတင်းတောင်းဆိုလာသည်။

"အသည်းကင်ဆာရှိတယ်"

"အဲ့တာဆိုလည်းဒီနားတစ်ဝိုက်လျှောက်ပတ်ကြည့်ရအောင်"

"မျက်လုံးလဲမမြင်ရဘူး"

"တကယ်လား...."

ကောင်မလေးကမယုံတယမို့သူ့မျက်စိရှေ့လက်နှင့်ယမ်းမိသည်။

"ရပါတယ်....အဲ့တာဆိုလည်းလက်ဆွဲနှုတ်ဆက်တာပေါ့"

ကောင်မလေးကပြောရင်းလက်ကိုရှေ့ကိုကမ်းလာပေးသည်။

"လက်မှာဝဲပေါက်နေတယ်"

ကောင်မလေးစိတ်မရှည်ဖြစ်လာကာ......

"စကားတော့ပြောမယ်မလား"

"အာ....ဘာဘာဘာ...အာဘာဘာဘာ"

ကောင်မလေးလည်းသဘောပေါက်သည်မို့....

"ရပါတယ်.....ကျမရှင့်ချို့ယွင်းချက်တွေကိုနားလည်ပေးနိုင်တယ်....ရှင်ကိုလက်ထပ်ချင်တာ"

"ယောကျာ်းရှိတယ်....နှစ်ယောက်တောင်"

Yoongiပြောရင်းလက်နှစ်ချောင်းထောင်ပြကာထိုကောင်မလေးနားကထွက်လာမိသည်။

"ဟေ့....ကောင်လေးတစ်ယောက်ထဲလား"

တစ်ယောက်တည်းနေနေပါတယ်ဆို....လာရှုပ်တာကြောင့်နှုတ်ခမ်းပင်ဆူမိလိုက်သည်။ဘယ်ကလူလည်းမသိ.....

"ဟုတ်တယ်....နှစ်ယောက်တွေ့နေလို့လား"

"စွာလိုက်တာကွာ....ကိုယ်ကမင်းများပျင်းနေမလားဆိုပြီးလာတာ"

Our Papa(complete)Tempat cerita menjadi hidup. Temukan sekarang