အပိုင်း (၂၈)

1.4K 139 1
                                    


ယွီဖုန်း ညနေခင်းရောက်သည်အထိ ရှဲ့ကောကို
စကားမပြောပဲ အခန်းထဲကကုတင်ပေါ်မှာပဲခွေခေါက်
နေသည်။ အစားကို ရှဲ့ကောက အိပ်ယာပေါ်မှာပဲခွံ
ကျွေးပေမဲ့စကားမပြောရဲသလို မျက်လုံးချင်းလဲမဆိုင်
ရဲပေ။ ပြီးတော့ ကုတင်ပေါ်ကလည်းမဆင်းရဲ ဘာလို့
ဆို သူ့ကိုယ်မှာဖုံးထားတာဆိုလို့ စောင်တစ်ထည်သာ
ရှိသည်။ ကျန်တာကတော့ မိမွှေးတိုင်းဖမွှေးတိုင်းပင်။

" ကဲ မထသေးဘူးလား ဘာလဲ ကိုယ်ချီသွားရ
မှာလား"

" ........"

" ကောင်းပြီ ညနေစာသွားစားမယ် "
ပြောပြီး မလှုပ်မရှက်နဲ့သူ့ကိုကျောပေးအိပ်နေတဲ့
ယွီဖုန်းကိုဘေးကိုထိုင်ပြီး ပွေ့ချီလိုက်တယ်။
ကိုယ်တုံးလုံး.ယွီဖုန်းရှက်လွန်းလို့ လီရှဲ့ရင်ဘက်ကို
မျက်နှာကွယ်ထားပြီး

" ကျွန်တော့် အဝတ်အစားတွေပေးဦး"

" တစ်ခုလိုချင်ရင် တစ်ခုပေးရမယ်"

"ဘာ ဘာပေးရမှာလဲ"
ယွီဖုန်း တုံတုံလှုပ်လှုပ်မေးလိုက်တယ် စိတ်ထဲမှလည်း
သူထင်တာမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
ရှဲ့ကောရဲ့အသံကိုကြားလိုက်ရသည်

" ကိုယ့်ကို နမ်း! "

ကောင်းပြီ နမ်းဆိုတော့လည်း နမ်းရတာပေါ့
တော်ကြာ သူ့ကိုမြူစွယ်တယ်ဆိုပြီး ငါလေး
အိုး ကြက်သီးမွှေးညင်းတွေတောင်ထတယ်

" မွ"
ယွီဖုန်း လီရှဲ့ ခပ်ပါးပါးနှုတ်ခမ်းလေးကို အနမ်းပေး
လိုက်တယ်။

လီရှဲ့ကတော့ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ချိုးနှိမ်
ပြီး ကုတင်ပေါ် ပြန်ထိုင်ပြီး ဘေးကအံတစ်ခုကို
ဖွင့်ပြီး အတွင်းခံတစ်ထည်ကိုထုတ်ပြီး သူ့ရှေ့က
ကောင်လေးကိုပေးလိုက်တယ်

ယွီဖုန်းက တော့ ကြောင်အစွာ မေးလိုက်တယ်

" ဘာလို့ အတွင်းခံတစ်ခုတည်းလဲ"

" မင်းပဲ တစ်ခုထဲအတွက်နမ်းခဲ့တာမဟုဘူး
လား"

" ခင်ဗျား!! "

" ဘာလဲ မကျေနပ်ရင် ပြန်သိမ်းလိုက်မှာနော်"
လီရှဲ့ရဲ့ ခြိမ်းခြောက်စကားကြောင့် ယွီဖုန်းဆဲပစ်
ချင်စိတ်ကိုထိန်းပြီး ရှဲ့ကောရဲ့မျက်နှာကို လက်နှစ်
ဖက်နဲ့ထိန်းကိုင်ပြီး နေရာအနှံ တမွမွ အနမ်းတွေခြွေ
လိုက်တော့သည်။

System က အသက်လည်းကယ်ပေးတယ်လင်လည်း​ပေးစားတယ်    System က အသက်လည်းကယ်ပေးတယ်လင်လည်းNơi câu chuyện tồn tại. Hãy khám phá bây giờ