"တကယ်လို့ ငါသေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"
"ငါကတော့ ခန့်ပိုင်ရေ ခန့်ပိုင်ရား ငါ့ကိုမထားခဲ့ပါနဲ့ဆိုပြီး ထိုင်ငိုနေလောက်တယ်"
အိမ်ရှေ့ လှေကားရင်းမှာ စကားထိုင်ပြောနေတဲ့ ကောင်လေးနှစ်ယောက်။ အခြေအနေက အေးချမ်းနေတာမဟုတ်သလို ရုတ်ရုတ်သဲသဲလည်းမဟုတ်။ ညသန်းခေါင်ကြီး သံပုံးတီးသံကြားရတာမို့ ထွက်ကြည့်သော်လည်းဘာသံမှ မကြားရတော့တာမို့ ဘေးနားက သံတုတ်ကိုချပြီး အိမ်ရှေ့ထိုင်နေရသည်။အဆင်ပြေလို့ နောက်တစ်နာရီလောက်နေမှ အိမ်ထဲပြန်ဝင်ပါတော့မည်။
"ငါကတော့ ငါသေသွားရင် ဘာမှနောင်တရှိမှာမဟုတ်ဘူး။ ကျန်ရစ်ခဲ့တဲ့သူတွေသာ ငါ့အတွက် ခံစားနေရမှာ"
"ချီးပဲ ခန့်ပိုင် ဖတ်ဖတ်ဖတ် ဒီကာလကြီးမှာ မဟုတ်မဟတ်တွေ မပြောစမ်းနဲ့ "
တကယ်ပြောတာ ထည်ဝါရဲ့။ ငါက ဘာနောင်တမှမရှိမယ့်ကောင်။
_________________________________မနက်အစောကြီးနိုးနေပေမယ့်လည်း ခန့်ပိုင်တစ်ယောက်မထဖြစ်။ ထပြီး ဘာလုပ်ရမှာလဲ မျက်နှာသစ် သွားတိုက်ရတာကို ကမ္ဘာပေါ်မှာ အပျင်းဆုံးပဲ။
"အန်တီရေ ကျွန်တော်ရောက်ပါပြီ ဟိုကောင်မနိုးသေးဘူးလား အာ အန်တီ့လက်ရာမနက်စာက တကယ်အကောင်းဆုံးပဲ"
အခန်းထဲကနေတောင် ကြားနေရတဲ့ အသံဆာဆာကြောင့် အားမနည်းမွေးပြီးထရသည်။ သူ ရောက်တဲ့ချိန်ဆို 7နာရီဝန်းကျင်ရှိပြီမို့ ဒီချိန်ထမှ သွားမယ့် စစ်ကြောင်းနဲ့မှီမည်ဖြစ်သည်။
မီးဖိုချောင်ထဲရောက်တော့ ထင်ထားသည့်အတိုင်းပင် သကောင့်သားက ကိုယ့်မနက်စာကိုယူစားနေသည်။ ဘေးမှာရှိတဲ့ ကြုံရာတစ်ရှူးနဲ့ ပစ်ပေါက်လိုက်တော့ ကျင့်သားရနေသလို ရှောင်သွားသည်။ ထားပါ။ နောက်မှပေါင်းပြီး လက်စားချေရမည်။
"မြန်မြန်စား ငါတို့အချိန်မမှီဘဲနေမယ် လဒရဲ့ အမြဲငါရောက်မှထတယ်။ ညချီးစားနေလို့ မအိပ်တာလား မင်းက ဟမ်"
အဖေ့လေသံလာဟောင်နေတဲ့ကောင်ကို မသိချင်ယောင်ဆောင် ပစ်ထားရသည်။ အဖက်လုပ်ရင် ပိုရောင့်တက်လာပြီးဆဲလာမှာမို့ မြန်မြန်အိမ်ကထွက်ရမည်။