Chapter (A)

3.3K 163 11
                                    

Song Suggestion - Destiny ( Slow Ver: )

Chapter ( A ) : Rebirth of Wang(王 ) 。

It's been a shining star _ it's been a blue sky ...
Goona tell you sometin' about my story...

*****

နက်ပြာ​ရောင်​ကောင်းကင်ထက်ကကြယ်​တွေကို ​ငေး​နေမိတဲ့သူ့ဟာ ခပ်လှမ်းလှမ်းမှာ အိပ်​မောကျ​နေတဲ့ လူကို စိတ်ပျက်ဖွယ်ရှုမိတယ် ...။
အိပ်ခန်းရဲ့ မီး​ရောင်ဟာ မှိန်မှိန်​လေး... ထိုလူ့အ​ပေါ်ဖြာကျ​တော့ တန်ဖိုးကြီး ပန်းချီကားနှယ် ။

​ကြောက်ပါ၏ ...သူတကယ်​ကြောက်ပါ၏ ...။
ဒီချစ်ခြင်းကို ယုံမှတ်လို့လည်း မျက်လုံးစုံမှိတ် နားကို မပိတ်ချင်​တော့ပါ ။

သူဟာ​တောက်ပ​တဲ့ကြယ်​တွေကို တစ်ချိန်က အပိုင်လိုချင်ဖူးသူ ....
တကယ်ပိုင်ဆိုင်ရချိန်မှာ ​ပေါင်းစပ်ထားတဲ့ ဓါတ်​ငွေ့​တွေသာဖြစ်တဲ့အခါ ...။

သူ့ဇာတ်လမ်း​လေးဟာ အနည်းရှုပ်​ထွေးချင်​နေတဲ့ ကြိုးစငယ်​လေးပါပဲ ။ ဒါ​ပေမဲ့ သူဟာ တစ်ချိန်ကလို ဒီလူ့ကြောင့် ထပ်မံ မ​သေဆုံးလို​တော့ ....။

It's been a long time _ we've together through ...
Thick and thin and we won't desert each other now ....

*****

​နောက်တစ်ကြိမ် ...ဒီအချိန် ဒီ​နေရာမှာ သူဟာ ထပ်မံရှင်သန်လာခဲ့တယ် ...။

" တရားခံပါတဲ့ ကားက ​မြစ်ထဲကို ထိုးကျသွားတာ "

အဆုံးသတ်ခြင်းဟာ စတင်ခြင်းလို့ တချို့က ဆိုတယ် ...။
နှာ​ခေါင်းထဲဝင်လာတဲ့​ရေ​တွေ​ကြောင့် အသက်ရှူရခက်ခဲလွန်းတယ် ...။
လက်​ကောက်ဝတ်က လက်ထိပ်​ကြောင့် ရုန်းကန်လွတ်​မြောက်ဖို့က ခက်ခဲလျက် ...။

​သေဆုံးခြင်းနဲ့ရှင်သန်ခြင်းနှစ်ခုကြားမှာ လွန်ဆွဲ​နေခဲ့တဲ့ သူဟာ နာမ်စားတစ်ခုကို​တော့ ခပ်တိုးတိုး ရွတ်ဆို​နေဆဲ ။

လွန်ခဲ့​သော တစ်ပတ်ခန့် ...

​ကော်ဖီပူပူ​လေးနှစ်ခွက်ကို ​ဖျော်ကာ ဒုတိယထပ်က စာကြည့်ခန်းကို ​လှေကားက​နေတစ်ဆင့် တက်လာခဲ့လိုက်သည်။

" ​ကော်ဖီ​ဖျော်လာတယ် ကို "

နူးနူးညံ့ညံ့သူ့အသံကို ထိုလူဟာ နှုတ်ခမ်းဖျား​တွေကို ​ကော့တက်လို့ကြိုဆိုတယ် လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကို ကိုင်ထားဆဲ ။

DESTINY (Completed)Where stories live. Discover now