The Day I Hope To Be💙

144 26 3
                                    

Unicode

Dora ကိုရီးယား ဆိုးလ်မြို့ကိုရောက်နေတာ ၂လခွဲခန့်ရှိနေပီ..။ Dora ရောက်လာရခြင်းအကြောင်းက တက္ကသိုလ်တတ်ဖို့ဆိုပေမယ့် အဓိက ရင်ထဲရှိတာကတော့ Idolတွေကိုတွေ့ရဖို့ပါပဲ..Dora က EXO L အထူးသဖြင့် XBACKလေးပေါ့  ။ဒါပေမယ့် တစ်ခါမှလဲဆုံဖို့မကြိုးစားကြည့်ရသေးဘူး..။ ဒီမှာကျောင်းတတ်ဖို့ အိမ်ကို အတင်းတိုက်တွန်းပီးပြောထားရတာမို့ ရလဒ်ကောင်းကောင်းရအောင်လဲ Doraကြိုးစားရသေးတယ် ။

အိမ်ကပို့တဲ့ငွေနဲ့တင်မဟုတ်ပဲ ဒီမှာလဲ အချိန်ပိုင်းအလုပ်တွေလိုက်ရှာလုပ်ပီး ပိုက်ဆံစု ကျောင်းတက်လုပ်ရတာ Doraအဖို့သိပ်တော့မလွယ်ကူလှ..။
ဒီနေ့တော့ အချိန်ပိုင်းအလုပ်က ပိတ်တာမို့ Dora ဟန်မြစ်ကမ်းဘေးမှာ ထိုင်ရင်းလေညှင်းခံ ကာ EXO ရဲ့
Promiseဆိုတဲ့သီချင်းလေးကို ဖုန်းနဲ့ဖွင့်နားထောင်ရင်း မျက်လုံးကိုအသာအယာမှိတ်လို့သီချင်းကိုခပ်တိုးတိုးလိုက်ညည်းနေလိုက်တယ်..။

ထိုစဥ်မှာပဲ Dora ဘေးကို လာထိုင်တဲ့ Maskနဲ့ အနွေးထည် အနက်ရောင်အထူကိုဝတ်ထားတဲ့ယောကျာ်းလေးတစ်ယောက်..။
ကိုရီယားမှာ က Mask တပ်တာက အဆန်းမဟုတ်တဲ့အပြင် ထိုလူရဲ့ပုံစံက လူကောင်းတစ်ယောက်လို့ ထင်ရတာမို့ Dora လဲ တစ်ဖက်ကိုပဲနည်းနည်းတိုးပေးပီး ဆက်ထိုင်နေလိုက်တယ်..။

"ဒီမှာ ခင်ဗျ မင်းရဲ့ပိုက်ဆံအိတ်.."

တစ်ဖက်ကိုတိုးပေးရင်းက သူ့အနားလေးမှာကျန်ခဲ့တဲ့ပိုက်ဆံအိတ်လေးကိုလှမ်းပေးလာတဲ့ ထိုလူ..။

သူ့အသံကခပ်၀ဲ၀ဲမို့ Korea nativeတစ်​ယောက်ဟုတ်ပုံမရ....
ကြည့်ရတာ သူလည်း Doraလို့နိုင်ငံခြားသားတစ်​ယောက်ဖြစ်ပါလိမ့်မယ်

Dora ပြုံးပြလိုက်ပီးပိုက်ဆံအိတ်လေးကိုယူကာ အိတ်ကိုဖွင့်လိုက်တော့ အထဲက EXO group photoလေးက သဲပြင်ပေါ်ကို လွင့်ကာပြုတ်ကျသွားတယ်.။
Dora လည်း အသည်းအသန်ပြန်ကောက်လိုက်ပီး နူတ်ခမ်းလေးဆူလို့ ပုံလေးပေါ်ကသဲတွေကိုပွတ်သပ်ကာ သုတ်လိုက်ပီးပိုက်ဆံအိတ်လေးထဲအသာအယာလေးပြန်ထည့်လိုက်တယ်..။

"သူတို့က မင်းအတွက်အဲ့လောက်​တောင်အရေးကြီးတယ်​ပေါ့... မင်း အဲ့လောက်ထိကြိုက်တာလား.."

The Day I Hope To Be💙Dove le storie prendono vita. Scoprilo ora