" luhanရေ...လမ်းထိပ်ကအိမ်××××ကို
ပန်းသွားပို့ပေးလိုက်ပါဦး "
" nae, အဖွား သွားပို့လိုက်ပါ့မယ် "
luhan စက်ဘီးလေးစီးပြီးထွက်လာ
ခဲ့လိုက်တယ် သူ့မှာမိဘတွေမရှိတော့ပါဘူး
ငယ်ငယ်ထဲကအဖွားနဲ့ပဲအတူနေခဲ့တာပါ
အဖွားကပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါ
တယ် ခြံထဲကပွင့်တဲ့ပန်းတွေကိုခူးပြီးရောင်း
တာပါ စီးပွားဖြစ်မဟုတ်ဘဲ စေတနာနဲ့သာ
ပြန်ရောင်းပေးတော့ ဒီအနီးပတ်ဝန်းကျင်
မှာတော့ ဖွားဆိုင်လေးကနာမည်ကြီးပေါ့
************************
ဖွားပေးခိုင်းတဲ့အိမ်ကိုရောက်တော့......
" ajima ဒီအိမ်ကမှာထားတဲ့ပန်းကိုလာ
ပို့ပေးတာပါ "
" အော်...အေး အေး ပန်းလေးတွေက
လှလိုက်တာ မွှေးနေတာပဲ အဖွားကို
ကျေးဇူးတင်ပါတယ်လို့ပြောပေးနော် "
" nae, ajima ပြောလိုက်ပါ့မယ် "
" အေးကွယ် တကူးတကကြီးလာပို့ပေးရ
တာ အားနာလိုက်တာ ကျေးဇူးပါ "
" ရပါတယ် ajimaကအမြဲဆိုင်ကပန်းတွေ
မှာနေတာပဲ ဒီလောက်တော့လုပ်ပေးရမှာပေါ့
ခွင့်ပြုပါဦးနော် ajima "
" အေး...အေး စက်ဘီးကိုဖြည်းဖြည်းနင်းဦး
နော် "
" nae... "
luhan စက်င်္ဘီးလေးကိုနင်းရင်းပါးစပ်
ကလဲသီချင်းကိုတိုးတိုးလေးဆိုနေသေးသည်
ဖွားနဲ့သူကမြေးအဖွားနှစ်ယောက်ထဲရှိတာ
ဆိုတော့အရမ်းကြီးတော့မချမ်းသာပေမယ့်
အတော်အတန်တော့သုံးနိုင်ပါတယ်
သူ့ဆိုင်လမ်းထိပ်နားရောက်တော့လမ်းထဲအဝင်
မှာ ရုတ်တရက်ထွက်လာတဲ့ကားတစ်စီးကြောင့်