hunတစ်ယောက် ဒီနေ့သူ့သူငယ်ချင်း
jungminရဲ့ommaကမွေးနေ့ဖိတ်ထားလို့
သူသွားဖို့အတွက်ပြင်ဆင်ပြီးထွက်လာခဲ့တယ်
လမ်းရောက်တော့ ပန်းဆိုင်တစ်ဆိုင်မှာ
ပန်းတစ်စည်းဝင်ဝယ်လိုက်တယ်
" အဖွားကျွန်တော့်ကိုပန်းတစ်စည်းလောက်
ပေးပါ "
" အဖွားဘာပန်းလုပ်ပေးရမလဲ "
" ကျွန်တော့်သူငယ်ချင်းအမေရဲ့မွေးနေ့မလို့
လက်ဆောင်ပေးမလို့ပါ အဖွားပဲကြည့်ပြီးလုပ်
ပေးလိုက်ပါလား ကျွန်တော်ကပန်းတွေကို
သိပ်မသိလို့ပါ "
" အေး…အေး ကောင်းပါပြီကွယ် မြေးခဏ
လောက်ထိုင်စောင့်နေလိုက်ပါလား အရှေ့က
ပန်းခြံလေးထဲမှာစောင့်နေလေ အဖွားလက်ဖက်
ရည်လာပို့ပေးမယ် "
" ရပါတယ် အဖွား ကျွန်တော်အချိန်ရပါတယ်
ဖြေးဖြေးပဲလုပ်ပါ "
hunလဲအဖွားပြောတဲ့ပန်းခြံနေရာလေး
မှာပဲထိုင်စောင့်နေလိုက်တယ် hun ပတ်ဝန်း
ကျင်ကိုလှည့်ပတ်ကြည့်ပြီး ဒီနေရာလေးကို
အရမ်းကိုသဘောကျနေမိတယ် ဒီပန်းဆိုင်လေး
ကကိုယ်ပိုင်ခြံဝန်းလေးထဲမှာပဲဖွင့်ထားတာဖြစ်ပြီး
နှစ်ထပ်တိုက်လေးရဲ့ခြံအရှေ့နားကိုပန်းခြံငယ်
လေးပုံစံမျိုးလုပ်ထားပြီး အိမ်လေးရဲ့အနောက်
ဘက်ခြံဝန်းထဲမှာတော့လှပတဲ့ပန်းရောင်စုံကို
စိုက်ပျိုးထားတယ် အရမ်းကိုအေးချမ်းလှပပြီး
ပန်းရနံ့လေးတွေကလဲသင်းပြန့်နေတယ်
တကယ်ကိုဆွဲဆောင်မှုရှိတဲ့နေရာလေးပေါ့
သူတောင်ဒီနေရာလေးမှာနေချင်နေမိတယ်