[Unicode]
''ပျင်းလိုက်တာ ဘာမှလည်းလုပ်စရာမရှိဘူး''
မျက်နှာကျက်ကိုပျင်းရိစွာငေးကြည့်ရင်းပါးစပ်မှလည်းပွစိပွစိပြောနေမိသည်။
ဘေးပတ်ပတ်လည်မှာလည်း ကာတွန်းစာအုပ်များ၊ရောင်စုံခဲတံများ၊အရုပ်များ၊ဖောက်လက်စ မုန့်ထုပ်များနဲ့အအေးဘူးများ ရှုပ်ပွစွာနဲ့။နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူငယ်ချင်းများနဲ့လည်းသိပ်မတွေ့ရပါ။တစ်ခါတစ်လေတော့အိမ်ကိုလာလည်ကြပါတယ်။Appaနဲ့Ommaကလည်းသူတို့အလုပ်နဲ့သူတို့မို့လို့မအားကြ။အခုတော့တစ်ယောက်ထဲနဲ့ထိုင်ပျင်းနေရသည်။''အာ ဟုတ်သားပဲ''
အခန်းထဲမှအမြန်ထွက်ပြီးအောက်ထက်ကိုဆင်းလာလိုက်သည်။
''Jaehyukie ဖြည်းဖြည်းလာပါ ချော်လဲနေအုံးမယ်''
သူ့ကိုတွေ့တော့သန်ရှင်းရေးလုပ်နေတဲ့Arjimaကစိတ်ပူစွာနဲ့လှမ်းပြောသည်။
Arjimaနားကိုအမြန်ပြေးသွားလိုက်တယ်။''ဟီး Arjima သားbanan milkသွားဝယ်လို့ရလား''
''Ajima သွားဝယ်ပေးမယ်လေ''
''ရပါတယ် သားတစ်ယောက်ထဲပဲသွားဝယ်လိုက်ပါမယ် နော် Arjimaနော်''
သိတာပေါ့ဒီကလေးbanana milkကိုအကြောင်းပြပြီးအပြင်ထွက်ချင်နေတာ။
''အင်းလေ ပြီးတာပါပဲ ဒါပေမယ့် အဝေးကြီးကိုမသွားရဘူး အိမ်ကိုမြန်မြန်ပြန်လာရမယ်နော်''
''ဟုတ်ကဲ့''
ခွင့်ပြုချက်ရတာနဲ့အပေါ်ကိုပြန်တက်သွားပြီးခနအကြာတော့ ဦးထုပ်လေးဆောင်းပြီး အိတ်သေးသေးလေးတစ်လုံးကိုလွယ်ကာပြန်ဆင်းလာသည်။
''Arjima သွားပြီနော် Arjima အတွက်ပါမုန့်ဝယ်ခဲ့မယ်နော် တာ့တာ''
''ဂရုစိုက်သွားနော်''
''ဟုတ်''
Arjimaလည်းသူ့ကိုနှုတ်ဆက်ပြီးထွက်သွားတဲ့ချစ်စရာကောင်းတဲ့ကလေးကိုပြုံးပြီးကြည့်နေမိတယ်။စိတ်တော့ပူပေမယ့်သူတစ်ယောက်ထဲသွားချင်နေတာဆိုတော့မတားမိပါ။ကိုယ့်အားကို ကိုးတတ်ဖို့ဒီလောက်တော့လွှတ်ထားရမည်လေ။