[Unicode]သူတို့ကျောင်းရောက်တာနဲ့ကျောင်းတက်တာနဲ့ကွတ်တိပါပဲ။
ထိုင်နေကြနေရာဖြစ်တဲ့Jihoonနဲ့Junkyuတို့နှစ်ယောက်အနောက်မှာပဲနှစ်ယောက်သားမောမောနဲ့ဝင်ထိုင်လိုက်ကြတယ်။
''မင်းတို့အိမ်စာပြီးပြီလား ငါဆရာမဆီသွားမပို့သေးဘဲမင်းတို့ကိုစောင့်နေတာ''
အတန်းခေါင်းဆောင်ဖြစ်တဲ့Jihoonကအနောက်ကိုလှည့်ပြီးပြောတယ်။
''အေးပြီးပြီ ခနလေးနော်''
လွယ်အိတ်ထဲမှာစာအုပ်ကိုမွှေနှောက်ရှာနေတဲ့AsahiကိုJaehyukအချိုသာဆုံးပြုံးပြီးကြည့်လိုက်တယ်။
''Sahi ya ငါလေ ဟဲ ဟဲ''
''အိမ်စာမလုပ်လာဘူးမလား ရော့ မြန်မြန်ကူး''
''Wuri sahiလေးကချစ်ဖို့ကောင်း...''
''ဒီတစ်ခါနောက်ဆုံးပဲ နောက်တစ်ခါဆိုဆယ်ခါပြန်ထိုင်ကန်တော့ရင်တောင်မငှားဘူး''
''Jaehyukရေ မြန်မြန်သာရေး ဒီမှာJunkyuလည်းလက်ကိုစက်တပ်ပြီးကူးနေတယ်''
သူတို့လေးယောက်ကကျောင်းမှာတစ်တွဲတွဲနဲ့နေတာများသည်။ငယ်ငယ်လေးကတည်းကJihoonနဲ့JunkyuကJaehyukနဲ့ပေါင်းလာကြတာဆိုတော့Asahiနဲ့လည်းအလိုလိုသူငယ်ချင်းဖြစ်သွားကြတယ်။Asahiကသူတို့လေးယောက်ထဲရှိတဲ့အချိန်ကလွဲရင်ကျန်တဲ့အချိန်တွေဆိုတိတ်နေတာများသည်။သူတို့နဲ့တောင်ဆိုရင်တောင်စကားသိပ်မပြောဘူး။Jaehyukနဲ့နှစ်ယောက်ထဲရှိတဲ့အချိန်ကတော့ချွင်းချက်ပေါ့။
နေလည်စားစာချိန်ရောက်တော့ကန်တင်းကိုJaehuykနဲ့Aashiကအရင်သွားနှင့်တယ်။Jihoonကိုဆရာမကခေါ်တာနဲ့Junkyuကပါအဖော်လိုက်သွားသည်။
သူတို့နှစ်ယောက်လည်းမျက်နှာချင်းဆိုင်ထိုင်၍ခနလောက်တိတ်ဆိတ်နေပြီးမှ
''Jaehyukka ငါTolietခန''
''ငါလိုက်ခဲ့ပေးရအုံးမလား''
''မင်းကဘာလိုက်လုပ်မှာလဲ ကိုယ့်ဘာသာစားစရာရှိတာစား''
အဲ့လိုပဲစလိုက်ရင်စွာနေအောင်နဲ့ပြန်ပြောတာ။