နေမင်းရယ် လရယ် ကြယ်ရယ်

5 3 5
                                    

သင်တို့ နေမင်းရယ် လရယ် ကြယ်ရယ်မှာဘယ်ဟာကအရေးကြီးဆုံးလို့ထင်လဲ

လူတိုင်းကတော့ နေမင်းကိုပထမဦးစားပေးအနေနဲ့ရွေးချယ်ကြလိမ့်မယ်

ဘာလို့ဆို ဒီကမ္ဘာကြီးမှာ နေမင်းရှိမှအဆင်ပြေနိုင်မှာမို့လို

ဒါဆို လကြတော့ရော မလိုအပ်ဘူးလား....

ညဆိုတာရောက်လာတာနဲ့မှောင်လာပြီး လပြည့်ညတို့ လကွယ်ညတို့ ‌လမရှိတဲ့ညတို့ရှိကြတယ်

ညရောက်လို့ကောင်းကင်ပေါ်ကြည့်လိုက်ရင် လဘာပုံစံလေးဖြစ်နေလဲဆိုတာတွေ့ရတယ်။လထဲမှာများတကယ်ဘဲငယ်ငယ်ကသိခဲ့ဖူးတဲ့ ဆန်ဖွတ်တဲ့အဘိုးအိုနဲ့ယုန်ကလေးရှိနေမလား မြင်ရမလားလဲလိုက်ကြည့်မိခဲ့ဖူးတယ်။
ဒါပေမယ့် လပြည့်ပြီးထိန်လင်းနေတဲ့ညတွေတောင် နေမင်းကြီးလောက်မှ အလင်းရောင်အများကြီးမပေးနိုင်တာ။

အဲ့တော့ ကြယ်တွေကရော မလိုအပ်ဘူးလား....

ကောင်းကင်မှာကြယ်တွေမြင်ရတယ်ဆိုတာ တဖြည်းဖြည်းနဲ့ရှားလာတယ်လို့ထင်မိတယ်

ကြယ်တွေမြင်ရတဲ့အခါကျရင် ဘာရယ်မဟုတ် ပျော်မိတယ်
ကြယ်တွေကိုလိုက်ငေးကြည့်မိပြီး ဘယ်နှလုံးရှိလဲ လိုက်ရေတွက်မိတယ်
ကြယ်လေးတွေကိုတခုနဲ့တခုဆက်ဆွဲကြည့်ပြီး ဘာပုံလေးပေါ်လာမလဲ ဆော့ကစားခဲ့ကြဖူးတယ်
ဒါပေမယ့် ကြယ်တွေကလဲ နေမင်းကြီးလောက်အလင်းရောင်အများကြီးမှမပေးနိုင်တာ။

အဲ့ဒါဆို နေမင်းကြီးကသာ တခုတည်းသောအရေးပါဆုံးပေါ့။ အဲ့လိုလား!!!

တကယ်တော့ ကမ္ဘာကြီးမှာ နေမင်းရယ် လရယ် ကြယ်ရယ်ဆိုတာရှိနေကတည်းက သူ့ဟာနဲ့သူ ရှိသင့်လို့သာဖြစ်တည်လာကြတာဘဲမဟုတ်လား။

မလိုအပ်ခဲ့ဘူးဆိုရင် နေမင်းကလွဲကျန်တာတွေဖြစ်တည်လာခဲ့ကြမှာမဟုတ်ဘူးလေ။

အဲ့တော့သင်တို့လဲ ကိုယ့်ကိုကိုယ်မလိုအပ်ဘဲဖြစ်တည်လာတယ်လို့ထင်နေမိခဲ့ရင်

ငါသည်လဲ ဒီကမ္ဘာကြီးမှာဖြစ်တည်သင့်လို့သာဖြစ်တည်လာရတာပါလားဆိုပြီးဘဲ ရှေ့ဆက်ရဦးမဲ့ဘ၀မှာအားတင်းသွားကြရမှာဘဲ။

ကိုယ့်ကိုကိုယ်လည်းအရေးမပါတဲ့သူတ‌ယောက်လို့မတွေးပါနဲ့
မတွေးမိအောင်လဲ ကိုယ်တိုင်က အရေးပါတဲ့သူတယောက်ဖြစ်အောင်ကြိူးစားရမယ်မဟုတ်လားလေ။

လောကကြီးမှာဖြစ်တည်လာတဲ့အရာရာတိုင်းဟာ သူ့ဟာနဲ့သူအရေးကြီးကြပါတယ်။ ။ ။

W e i r d .  .  . T h o u g h t s . . . Where stories live. Discover now