Part 1

807 35 6
                                    

"မဂ်လာပါဗျ ... ဘာများသုံးဆောင်မလဲ "

"Americano ၁ ခွက်ပေးပါ "

" ဟုတ်ကဲ့ပါ ဗျ ဒီမှာ ပြန်အမ်းငွေပါ "

ကျနော့် နာမည်က ရှောင်းကျန့် အသက်ကတော့ ၂၃ နှစ်ပေါ့ Design ပညာနဲ့ ဘွဲ့ရထားပေမဲ့  ဒီ Cofffee ဆိုင်လေး
မှာ အလုပ်လုပ်နေတာ ၂ နှစ်လောက်ရှိပီကိုယ်တိုင်ကလည်း Café လေး တခုဖွင့်ချင်လို့ဒီမှာအတွေ့အကြုံလေးယူချင်လို့ပေါ့  ဝင်ငွေကတော့ အရမ်းမများပါဘူး ကျနော့်လို တကောင်ယုန် သမား အတွက်တော့ အေးဆေးပေါ့ ဆိုင်ရှင်ကလည်း သဘောကောင်းတော့ ဒီမှာလုပ်ရတာ စိတ်ညစ်စရာ တော့မရှိပါဘူး

" ရှောင်းကျန့်   ဒီနေ့ဆိုင်မှာ လူပါးတယ် စောစောပြန်ရင်ပြန်နော် ကျဲ ဘဲဆိုင်သိမ်းလိုက်မယ် "

" ဟုတ် ကျေးဇူးပါ ကျဲ" ကျဲက သဘောအရမ်းကောင်းပါတယ် သူ့ကို လည်းမောင်လေးတစ်ယောက်လို သဘောထားပီး ဆက်ဆံတယ် ၂ နှစ်အတွင်း ကျဲက သူ့ကိုအများကြီးကူညီခဲ့ပါတယ်

ရှောင်းကျန့်တစ်ယောက် လည်း ကျဲ ခွင့်ပြုချက်နဲ့ ဆိုင်က စောစောပြန်လာခွင့်ရသွားတယ် ဒါပေမဲ့ ရာသီဥတု က ကိုယ့်ဘက်မပါဘူး မိုးက ဖွဲဖွဲလေး ရွာကျနေတယ် တစုံတယောက်ကို လွမ်းဖို့အကောင်းဆုံးရာသီဥတုပေါ့  ရှောင်းကျန့်ရဲ့ အိမ်ပြန်ချိန်တွေက အမြဲ တစ်ယောက်ထဲဘဲ ထီးတစ်ချောင်းအောက် နှစ်ယောက်ဆောင်းပီး မိုးရေထဲမှာ Romantic ဆန်နေတဲ့ စုံတွဲတွေ မြင်ရင် သူအရမ်း အားကျတယ်လို့ မထင်ပါနဲ့ တရားရတယ် " အော် သူတို့လည်း တနေ့ပြတ်မှာဘဲ "  ဒါက တော့ ရှောင်းကျန့် ရဲ့ လက်သုံးစကားပေါ့  အချစ်ကို မယုံတော့ဘူး မယုံဘူးဆိုတာထက်ကြောက်တာလို့ပြောရင်ပိုမှန်လိမ့်မယ် ကိုယ်ချစ်ခဲ့ရတဲ့ သူတိုင်းက ကိုယ့်ကို ထားခဲ့တဲ့သူကြီးဘဲဖြစ်လို့ နောက်ပိုင်း ဘယ်သူနဲ့မှ သံယောဇဥ် မတွယ်မိအောင်နေတယ်  လွမ်းဆွေးဖို့ ကောင်းစွာ ရွာနေတဲ့ မိုးရေအောက်မှာ လျှောက်ရင်း အတိတ်တချို့ ခေါင်းထဲ ဝင်လာတယ် ပီးတော့ နှုတ်ခမ်းဖျားလေးက ရေရွတ်လိုက်တယ်

" မင်းရော အဆင်မှပြေနေရဲ့လား " 

______

" ကျယ်ကြီး ...ဟေ့ကောင် အပြင်သွားမယ်လေကွာ "

Last Love  (Completed)Où les histoires vivent. Découvrez maintenant