part 1(Unicoad)

3.3K 135 10
                                    

ရှောင်းကျန့် တစ်ယောက် ဒေါသတွေ အလွန်အကျွံထွက်ပြီး ကားစတီရီယာတိုင်ကို ထိုးကာ
ကားကို အရှိန်မြှင့်လျှက် မောင်းနေခဲ့သည်..

ချုံချင်းမြို့ရဲ့ ညအလှကို မမြင်နိုင်ဘဲ မြို့ထဲလမ်းမှ ကျော်လွန်ကာ ဟိုင်းဝေးလမ်းမကြီးတွေဘက်သို့ရောက်ရှိလာပြီး မီးကုန်ယမ်းကုန် ဒေါထွက်လျှက်ရှိသဖြင့် ရှေ့က ကုန်တင်ကားကြီးကို အရှိန်မြှင့်ကာ.ကျော်တက်လိုက်စဥ် ...မျက်နှာချင်းဆိုင်မှ.မောင်းနှင်လာနေသော ကားသေးတစ်စီးနှင့် အရှိန်ပြင်းစွာတိုက်မိခါနီးတွင် ...စဥ်းစားနိုင်စွမ်းကင်းမဲ့သွားကာ ဉီးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့်
ကားသေးကိုရှောင်ပြီး ချောက်ထဲသို့သာ ကွေ့ချပစ်လိုက်လေတော့သည်.....

"အားးးးးးး ''

.
.
.

ချုံချင်း ဆေးရုံ အရေးပေါ်ခန်းရှေ့တွင် မျက်ရည်စမ်းစမ်းဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေ
သော အသက် ၄၀.ကျော်အရွယ် အမျိုးသမီးတစ်ဉီးနှင့် ခေါင်းငိုက်စိုက်ကျလျှက် ထိုင်နေသော
အသက် ၅၀ခန့်ရှိ အမျိုးသားတစ်ဉီး....

အမျိုးသမီးမှာ ခွဲစိတ်ခန်းကို လှမ်းလှမ်းကြည့်ရင်း ဆောက်တည်ရာမရဖြစ်နေရာမှ အမျိုးသားကြီးဆီ လျှောက်လာပြီး...

"သခင်ကြီး ... သားကြီး ကျန့်ကျန့် အဆင်ပြေမှာပါနော်... သူ... ဘာမှ မဖြစ်လောက်ပါဘူးနော်''

အမျိုးသမီး သူ့ရှေ့တွင် ခြေစုံရပ်၍ ပြောလိုက်သည့်စကားကြောင့် သခင်ကြီးဆိုသူမှာ မှုန်မှိုင်း
နေသော မျက်နှာဖြင့် မော့ကြည့်လိုက်ပြီး.အမျိုးသမီး၏လက်ကို ကြင်နာစွာ ဆုပ်ကိုင်လိုက်ကာ

"အဆင်ပြေသွားမှာပါ... ရှင်မ.. သားက လူသာ ပျော့ပေမယ့် စိတ်ဓာတ်က ကြံ့ခိုင်ပါတယ်.. သူ
ပြန်လာမှာပါ.... ''

"ကျွန်မတို့ ပွင့်ပွင့်လင်းလင်းမပြောနိုင်ခဲ့ကြလို့ သားကြီး အရမ်းဒေါသထွက်ခဲ့တာ...ကျွန်မအပြစ်
ပါ... အားလုံး... ကျွန်မရဲ့ အပြစ်တွေကြောင့် ကျွန်မသားကြီး... အဟင့်...အဟင့်... ''

တစ်ယောက်ကို တစ်ယောက်ဖေးမကာ နှစ်သိမ့်နေကြသော လူနှစ်ဉီးကိုတစ်ချက်လှမ်းကြည့်ကာ
ခံစားချက်ကင်းမဲ့နေသည့်ရုပ်နှင့် ခွဲစိတ်ခန်းရှေ့သို့ လက်တစ်ဖက်က ဘောင်းဘီအိပ်သို့နှိုက်ကာ
တစ်လှမ်းချင်း စမတ်ကျစွာ လျှောက်လာသည့် ချောမောခန့်ညားသော ယောကျာ်းပျိုတစ်ဉီး.

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now