Part 9

528 51 0
                                    

ကမ္ဘာတစ်ဖက်ခြား
Parrt 9

"ရှောင်းကျန့်... အဖေ...  လက်ထပ်တော့မယ်... ''

"ဘယ် လို... ''

သူ့ငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်သလို ခံစားမှုမျိုးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန့်ဆိုင်းသွား
ပြီး ဖခင်ဖြစ်သူအား အံ့သြမှုဖြင့် ဆေးစာအုပ်ကို ဖတ်နေရာမှ မော့ကြည့်နေမိသည်...

"အဖေတို့မှာ မိသားစုတစ်ခုတော့ ရှိသင့်နေပြီ... သားကလဲ အိမ်ထောင်ပြုဖို့ ဘယ်လိုမှ တိုက်
တွန်းလို့မရတော့...  ''

"ဒါနဲ့ပဲ... အဖေက နောက်အိမ်ထောင်ပြု... မြေးလောက်အရွယ် ကလေးမွေးပြီး မိသားစုဖြစ် အောင် လုပ်တော့မယ်ပေါ့ ''

"မဟုတ်ဘူးသား... အဖေ လက်ထပ်မှာက သားအမေအရွယ်ပါ... သူမမှာ သားတစ်ယောက်တော့ရှိတယ်... ဒါပေမယ့်... သူမက သားကို သားအရင်းလို မေတ္တာထားနိုင်တဲ့သူမျိုးမို့လို့... ''

"အဟားးး... ဒီအရွယ်ရောက်မှ မိခင်မေတ္တာတွေလဲ မလိုချင်တော့ပါဘူး ... လိုလဲ မလိုအပ်တော့
ဘူး... ပြီးတော့ အဖေ့ကို မေးပါဉီးမယ်... ဘယ်မိန်းမက အရွယ်ရောက်ပြီးသား လင်ပါသားကို
မိခင်မေတ္တာ ပေးမလဲတဲ့... အဖေက အဲ့လိုပြောလဲ ယုံလိုက်တာပဲလား? "

"ရှောင်းကျန့် ...မင်း.... ''

"တော်ပြီ အဖေ...ကျွန်တော် ဆက်မပြောချင်တော့ဘူး... ''

တစ်ယူသန်တယ်ပဲဆိုဆို... သူနဲ့ အဖေကြားမှာ ခလောက်ဆန်ဖို့သေချာသလောက်ရှိသည့်
မိန်းမကို သူတို့ဘဝထဲ ရောက်မလာစေလိုပါ... အခြား မိသားစုလို ပျော်လိုက်ရွှင်လိုက် ဆူပူ
လိုက်နှင့် သက်ဝင်လှုပ်ရှားမှုမရှိပေမယ့် သူတို့သားအဖဘဝ အေးချမ်းပြီး သက်တောင့်သက်
သာရှိသည်... ငယ်စဥ်တည်းက မိခင်မရှိသည့်အတွက် မိခင်မေတ္တာဆိုတာကို ခုချိန်ကျမှ
လိုအပ်စရာ အကြောင်းလဲ မရှိတော့....

စာကြည့်ခန်းထဲ ရောက်လာပြီး သူ့ကို အသိလာပေးတဲ့ ဖခင်အတွက် စိတ်မကောင်းပေမယ့်
သူ ကိုယ်တိုင်တောင် မိန်းမတွေရဲ့ အာရုံနောက်မှုကို မခံစားချင်လို့ လူပျိုကြီးလို့ ခေါ်ခံရသည့်
အရွယ်ပင် ရောက်လာခဲ့ပြီ မဟုတ်လား?

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now