Part 10

553 50 2
                                    

ကမ္ဘာတစ်ဖက်ခြား
Parrt 10

"ဒီမှာတော့...  ငါ့အလုပ်က နေထွက် နေဝင်.. သူများခိုင်းတာ လိုက်လုပ်ဖို့ပဲ ရှိတယ်.... ဟူး....
ဝေ့ဝူရှန့်ဆိုတဲ့ကောင်က ငါနဲ့တစ်ပုံစံတည်းတူပြီး ဘာလို့များ ဘဝက ဆိုးဝါးနေပါလိမ့်... ''

ဒီရက်ပိုင်း ကျန်းသမားတော် မိသားစုမှ အငယ်ဆုံးသမားတော်ရဲ့ အပ်စိုက်ပညာကို သူ..လေ့လာ
ဆည်းပူးဖြစ်သည်... ရှေးခေတ် တရုတ်အပ်စိုက်ပညာဟာ ယနေ့ခေတ် တရုတ်နိုင်ငံသာမက အနောက်နိုင်ငံများကပင် လက်ခံကျင့်သုံးနေကြပြီဖြစ်သဖြင့် သူ... တတ်ထားရင်လဲ မမှားဟု
ယူဆကာ သင်ယူနေခြင်းဖြစ်သည်...

ကျန်းမိသားစုမှ အငယ်ဆုံးသမားတော် ကျန်းလီမှာ အလွန်မာနကြီးပြီး မောက်မာသော
သခင်လေးတစ်ယောက်ဖြစ်သည်.. သူ့ မူရင်းစိတ်နှင့်သာဆို ထိုလူရှေ့ကပင် ဖြတ်လျှောက်မည်
မဟုတ်သော်လည်း ယခု.. ဝေ့ဝူရှန့်ဟူသည့် တစ်ကောင်ကြွက်လေးတစ်ယောက်ဖြစ်နေတော့
ဘယ်လောက် ဘဝင်မြင့်ပြီး ခက်ထန်ပါစေ မျက်နှာချိုသွေးကာ သူ.. အပ်စိုက်ကုသနေစဥ်
သိလိုသည်များကို အနားကထိုင်ပြီး မေးမြန်းလေ့ရှိသည်...  ဒါကလည်း သူ..အားသည့်အချိန်
နှင့် ဆေးကုသည့်အချိန် တိုက်ဆိုင်မှသာ....

နောက်ဆုံး ဘယ်လိုမှ စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်တော့သဖြင့် ရှေးဟောင်းအပ်စိုက်ပညာစာအုပ်အား မြို့တော်မှာဖွင့်လှစ်ထားရှိသော စာအုပ်ဆိုင်တွင် သွားရောက်ဝယ်ယူကာ အချိန်ရတိုင်း ဖတ်ရှုလေ့လာခဲ့သည်...

သူကိုယ်တိုင် ယခင်က အထွေအထွေရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သည့်အတွက် သွေး
ကြောများနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းပြီးသားဖြစ်သဖြင့် အလွယ်တကူပင် နားလည်
နိုင်ခဲ့သည်....

ထို့ကြောင့် ဆေးကုသရာတွင်လိုအပ်သည့် အပ်မျိုးစုံပါသည့် အိတ်အား ရသမျှ လုပ်အားခလေး
များစုဆောင်းကာ ဝယ်ယူခဲ့တော့သည်... သို့သော်... လက်တွေ့ကျကျ လေ့ကျင့်ဖို့အဆင်မပြေသေးသဖြင့် မချင့်မရဲ ဖြစ်နေရလေသည်... သူ့ကို.. အကူအနေနဲ့ အမြဲခေါ်သည့် သမားတော်ကလည်း ဆေးဖက်ဝင် သစ်ဖုသစ်ဉနှင့် ဆေးပင်တို့ဖြင့်သာ ဆေးကုသသော သမားတော်ဖြစ်သဖြင့်
သူ့အနေနှင့် အခက်တွေ့နေရလေသည် ....

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now