Canvasစပေါ်မှာဆေးခြယ်နေတဲ့ပန်းချီဆရာတယောက်လို ရီသံတွေညည်းညူသံတွေကြားကဖြစ်လာတဲ့paradise လေး အဆုံးသတ်မှာဘယ်တော့မှမရိုးသွားမယ့်ကတိစကားက "အရမ်းချစ်တယ်"တဲ့လေ.......
____________________________________
မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ ၀င်လာတော့သူနိုးလာပြီးဘေးကတယောက်ကိုစမ်းကြည့်တဲ့ အခါ Kin မရှိတော့ဘူး သေချာအောင်လို့ မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ ရူတ်ပွနေတဲ့အိပ်ရာပေါ်မှာသူတယောက်ထဲရယ် မနေ့ကအဖြစ်ကိုပြန်တွေးပြီး ပြုံးရင်းနဲ့ ဘေးကKin ဖုန်းကိုလှမ်းယူပြီး ပုံရိုက်ပြီး အချိန်လေးနဲ့ story တင်လိုက်တော့ သိပ်မကြာခင်မှာဘဲ သူ့သူငယ်ချင်းတွေကအပြေးအလွှားရောက်လာကြတာ'သူများဖုန်းခိုးသုံးနေတာလား?'
'တော်ပါတော့ကွာ...မကြွားပါနဲ့အဲ့လောက်'
'ဖုန်ထပြန်ပြီ🙄'
'ကိုယ်ပိုင်အကောင့်မရှိဘူးလားဗျ'
၀င်ညှောင့်နေတဲ့msg တွေတန်းစီပြီးရောက်လာပါတော့တယ်
'ငါ့ပုံမမြင်ချင်ရင်P'Kin storyကို၀င်မကြည့်နဲ့လေ'
သူgp chatထဲမှာသွားရန်တွေ့တော့
'အဲ့ဒီ့တွဲခါစ၂ယောက်ကိုသွားမပြောနေနဲ့တော့''၀င်ကြည့်မိတဲ့သူတွေအပြစ်ဟုတ်ပြီလား'
'P'Kin တဲ့ သူ့အသက်ကဖြင့်ထိပ်စီးပြောင်းတော့မှာကို🙄'
စာတွေလိုက်ဖတ်ကြည့်ပြီးသူရီရင်းပြန်ထွက်လိုက်တော့
Ppring:: ကျွန်မငွေလွှဲပေးလိုက်တယ် တကယ်အားနာလို့ပါ တောင်းပန်ပါတယ် Khun
Bbilkin:: ရပါတယ်ဗျ
Ppring:: ခုရောဘယ်လိုလဲဟင်ကားက
Bbilkin:: ဆေးမူတ်လိုက်ရုံဘဲဘာမှမဖြစ်ပါဘူး
ပြောထားတဲ့chat ကိုသူဖတ်ကြည့်ပြီး 'Pring?ဘယ်သူလဲ ဪ...pringpatထင်တယ် agency စရောက်တဲ့နေ့မှceo ကားကို၀င်တိုက်တာပေါ့...ဟမ့် အဲ့ဒါကိုKin ကဘယ်သူလဲဆိုတာမပြောဘူးသူ့ကို မေးကြည့်လိုက်ပါအုံးမယ် .....
____________________________________သူရေမိုးချိူးပြီးထွက်လာတော့ Kin ကကော်ဖီတောင်ဖျော်နေပြီ
"Morning P"