နောက်ဆုံးတော့သူ့ရဲ့နှစ်ရှည်လများ လုပ်ခဲ့ရတဲ့projectက ပြီးသွားပြီ 2ပိုင်းပြအပြီးမှာတော့ မထင်မှတ်ထားတဲ့feedback တွေနဲ့အတူ အတွေ့အကြုံသစ်တစ်ခုကိုထပ်ရလိုက်တယ် လို့ခံစား လိုက်ရတယ်
ဒီproject ကသူရဲ့အမှတ်တရအနေနဲ့ကျန်နေခဲ့မှာပါဘဲ တခြားအလုပ်တွေနဲ့မတူဘဲနဲ့ပေါ့
အစကသူKin ကိုဖုန်းဆက်အုံးမလို့ပါဘဲ ဒါပေမဲ့ ညဉ့်နက်နေပြီဆိုတော့ မဆက်တော့ပါဘူးလေဆိုပြီး messageပို့ရေမိုးချိုးပြီး အိပ်ရာထဲဘဲတန်း၀င်လိုက်တော့တယ်___________________________________
မနက်အစောကြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပိုအံ့ဩသွားတော့တယ်
ဘောင်းဘီတိုအိမ်ေနရင်းပုံစံနဲ့ကိုမှအထုပ်အပိုးနဲ့Kin ကသူ့အိမ်ရှေ့ရောက်နေတာ"Kin ဘယ်လိုဖြစ်တာလဲ အိမ်စောင့်နတ်နဲ့ရန်ဖြစ်လာတာလား"
"မင်းအလုပ်တွေပြီးပြီဆို အားရက်ရနေပြီကြားလို့ကိုယ်လာခဲ့တာလေ"
ထုံးစံအတိုင်းpeanut ကိုသွားအပူကပ်ပြန်ပြီထင်ပါတယ် မနေ့ကနားရက်အကြောင်းတောင်မပြောဘဲ surprise လုပ်ပါမယ်ဆို
"အင်း ဒါပေမဲ့အထုပ်အပိုးနဲ့ကဘာလုပ်တာလဲ"
"ခရီးထွက်ကြမယ်လေ ကိုယ်တို့"
ပြောလိုက်တာကြောင့်အံ့ဩသွားတဲ့ကိုယ့်ကိုရီနေရင်း
"တကယ်ပြောတာ မင်းခရီးထွက်ချင်တယ်ဆို သွားမယ်လေ ကိုယ်အထုပ်တောင်ပြင်လာတာ"
Sofaပေါ်ထိုင်ပြီး အိတ်ကိုမျက်စပစ်ပြတဲ့kin ကို သူမယုံနိုင်ဘဲနဲ့
"ငါဘာမှမပြင်ရသေးဘူးလေ hotelတွေဘာတွေရော ဘယ်လိုလုပ်မှာလဲ ပြီးတော့အရေးကြီးဆုံးက ဘယ်သွားမှာလဲ"
============================
ပြတင်းပေါက်ကမှန်ကိုချလိုက်တာနဲ့ ပင်လယ်ဆားနံ့ကပါသူ့ကိုကြိုဆိုနေတော့တာ ဒီလိုပင်လယ် ကိုမရောက်တာ သူသိပ်တော့မကြာသေးပေမဲ့ ၂ယောက်ထဲခရီးမထွက်ဖြစ်တော့တာကတော့ တော်တော်ကြာနေပြီ
"အအေးမိလိမ့်မယ်ဒီလောက်လေတိုက်နေတာ "
ဘေးကကားမောင်းနေရင်လှမ်းပြောနေတဲ့kin ကိုသူပြန်ကြည့်လိုက်ရင်း