စောင့်မျှော်နေသူ

240 6 0
                                    

Unicode

ပတ်ဝန်းကျင်တိတ်ဆိတ်တဲ့ ခြံငယ်လေး
ခြံလေးထဲမှာ သစ်ပင်ပန်းပင်တွေကသိမ်းလန်းနေတယ်။
ခြံအလယ်မှာတော့ ချစ်စရာကောင်းတဲ့နှစ်ထပ်တိုက်အိမ်လေးတစ်လုံးရှိတယ် ။
ထိုအချိန်နှင်းမှုံလေးတွေကြဆင်းလာတယ်ဆိုရင်ပဲ မကြာပါဘူးအိမ်လေးရဲ့အပေါ်ထပ်
ဝရန်တာတံခါးလေးပွင့်လာပြီးအထဲက ‌
အသက် ၃၀ကျော်အမျိုးသားလေးတစ်ယောက်ထွက်လာတယ် ထိုအမျိုးသားလေးက ကောင်းကင်ကကြလာတဲ့နှင်းစက်လေးတွေကိုလက်လေးနဲ့ခံကြည့်ကာပြုံးနေလေရဲ့ သေချာပါတယ် ဒီမြင်ကွင်းလေးသာပန်ချီကားတစ်ချက်ဆို အရမ်းအဖိုးတန်မယ်ဆိုတာ

"ဘာလိုလိုနဲ့ဆောင်းဦးတောင်ရောက်လာပြန်ပြီပဲ...... ဒီအချိန်လောက်ဆို ကောပြန်လာသင့်နေပြီမလား??"

ထိုစကား‌ေတွကို ရိပေါ်တစ်ယောက် တစ်ကိုယ်ရေကြားစရာတီးတိုးဆိုတယ်
ဆောင်းဦးရောက်ရင် ကလေးစီကောပြန်လာခဲ့မှာပေါ့ဆိုတဲ့ကတိစကားကိုပေးပြီးအပြီးတိုင် စွန့်ခွာသွားခဲ့တဲ့ချစ်ရသူကို ဆောင်မရောက်ခင် ဒီအိမ်လေးထဲမှာကြိုပြီးလာစောင့်ခဲ့တာ ၁၆နှစ်ထိတိုင်မရိုးနိုင်ခဲ့ပါဘူး။ ထိုအချိန် ရိပေါ်တို့ခြံလေးရဲ့ ‌ရှေ့ခြံကိုပစ္စည်းတင်ကားတစ်စီးရောက်လာတယ်

ဘာရယ်မဟုတ် မျက်လုံးကထို‌နေရာသို့ကြည့်မိတယ်ဆိုရင်ပဲ ရိပေါ်မျက်လုံးတို့အစမတန်ပြူးကျယ်သွားကာ ပါးစပ်မှလဲ

"ဟား..ဟား ကောတကယ်ပြန်လာပြီ ကောတကယ်ပြန်လာပြီ "

"ကောကတကယ်ကတိတည်တယ် "
ဟုအော်ဟစ်ကာ ထခုန်မတက်ပင် ပါးပြင်ပေါ်မှ မျက်ရည်စတချို့ကလဲအပြိုင်ဆိုင်ကျဆင်းလျှက်.....

________________________________

ရှောင်ကျန့်တစ်ယောက် ဒီနေ့သူအရမ်းပြောင်းချင်တဲ့အိမ်ကိုပြောင်းရမှာမို့ပျော်နေသည် သူမက်နေကြအိပ်မက်ထဲကအိမ်လေးမဟုတ်ပေမဲ့ အဲ့အိမ်လေးရဲ့အနီးကအိမ်ဆိုတော့ဘာပဲဖြစ်ဖြစ်ရပါတယ်လေ

သူသိတက်စထဲက အမြဲလိုလိုမက်တက်တဲ့ အိပ်မက်တခုရှိတယ် အဲ့အိပ်မက် စပြီးမက်စဉ်က သူကြောက်ခဲ့သည် အချိန်ကြာလာတော့ အိပ်မက်ထဲကကောင်လေးကို သူသေချာမမြင်ရတာတောင်စွဲလမ်းမိသွားရသည်။

အသစ်ပြန်လည်မွေးဖွားချင်းWhere stories live. Discover now