Unicode
ေရှာင်ကျန့်အလာကိုထိုင်စောင့်နေသည်။
ဒီနေ့တနေ့လုံးတက်ကြွနေတဲ့ ဝမ်ရိပေါ်ကတော့အရင်နေတွေကသူမဟုတ်ခဲ့သလိုပင် အသက်ရွယ်အပိုင်းခြားသာ ကွာခြားသွားပေမဲ့ အရာရာမပြောင်းလွဲပဲပြန်ရောက်လာတဲ့ ရှောင်ကျန့်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်မိသည်ကဘယ်နှစ်ခါမှန်းပင်မသိတော့"တီးတောင်.......တီးတောင် ......"
ခြံဝကဘဲလ်သံကြောင့် အပြေးလေးသွားမိသည်တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ကောင်လေးက မိုးပြာရောင်အကျီပွလေးနဲ့ ဘောင်းဘီဒူးထိအနက်လေးကိုဝတ်ထားတဲ့ကောင်လေးက ရှေ့သွားလေးတွေပေါ်သည်ထိရီပြနေတာလေးက ပကတိအဖြူထည်ချစ်စရာလေး
"ဦး ကျန့်ကျန့်ဝင်လာလို့ရလား"
ခြံပေါက်ဝတင်အပီငမ်းနေတဲ့ရိပေါ်ရယ်ပါ"အဟမ်း ဝင်ခဲ့လေ ဗိုက်ဆာနေပြီလားေကာင်ေလး ကြိုက်မဲ့ဟင်းတွေပဲချက်ထားတယ် သိလား "
ရိပေါ်သာစကားတွေအများကြီးပြောနေပေမဲ့ ရှောင်ကျန့်တစ်ယောက်ကတော့ အိမ်မက်ထဲမှာသူတွေ့ခဲ့သော ကဏ္ဏာရပင်ပုေလးကိုလိုက်ရှာနေလေသည်။
ရိပေါ်အေနာက်လှည့်ကြည့်လိုက်ေတာ့ဟိုရှာဒီရှာလုပ်နေတဲ့ ကောင်လေးကြောင့်
"ဘာတွေများရှာနေတာလဲကောင်လေးရဲ့"
"ဟမ် ဘာမှဟုတ်ပါဘူး ဒီတိုင်းလိုက်ကြည့်နေတာ"
"ကောင်လေးခဏထိုင်အုံးနော် ဦးကောင်လေးစားဖို့တခုခုသွားလုပ်ပေးမယ်နော်"
"ဟုတ် "
ရိပေါ်ထွက်သွားတော့ ရှောင်ကျန့်အိမ်ထဲဝင်ရင်းတွေ့ခဲ့တဲ့ပန်ချီကားလေးဆီသို့
ပန်ချီကားလေးထဲမှာ ပါးဖောင်းဖောင်းလေးနဲ့ကောင်လေးကတခုခုကိုသဘောကြစွာ ရယ်မောနေသည်။
ပုံလေးရဲ့အောက်ခြေမှာတော့ sean xiao ဆိုတဲ့နာမည်လေးရေးထားသည်။ တခါးမှမမြင်ဘူးပါရဲ့နဲ့ ရင်းနှီးသလိုခံစားနေရပြီးတပြိုင်ထဲရင်ထဲစို့နင့်လာရသည် မကောင်းတော့တဲ့ခံစားချက်ကြောင့် ဆက်မကြည့်တော့ပဲပြန်အလှည့် ဘယ်အချိန်ကမှန်းမသိရောက်ေနေတဲ့ရိပေါ်ရင်ခွင်ထဲသို့.......
YOU ARE READING
အသစ်ပြန်လည်မွေးဖွားချင်း