ကတိတည်သူ

70 6 0
                                    

Unicode

ရှောင်ကျန့်အတွေးနစ်နေတုန်း
"ကော.….ကော သားစီကိုတကယ်ပြန်လာတယ်နော်
သားကောကိုလာစောင့်နေတာ "

ရှောင်ကျန့်တစ်ယောက် ဘယ်အချိန်ကအနား‌ေရာက်လာမှန်းမသိ သူ့ကိုယ်သူသားလို့ပြောနေတဲ့လူကိုသေချာကြည့်မိတော့မှ ဆံပင်တွေကိုလှန်တင်ထားတဲ့အောက်ကနှာဖူးပြေပြေလေးနဲ့ မျက်ဝန်းလှလှလေး မျက်ရည်စတချို့နဲ့ဆိုပိုမှန်ပေလေ့မယ် ပြီးတော့နှာတံလုံးလုံးလေး သေသပ်ပိရိတဲ့ နှုပ်ခမ်းလေးနှစ်လွှာ အားလုံးချုံငုံပြောရရင်အပြစ်ပြောစရာပင်မရှိတဲ့သူ ထိုမျက်နှာလေးကို ရှောင်ကျန့်ငေး‌ေကောင်းနေတုန်း

"အကိုလေးပစ္စည်းတွေ နေရာချပြီးပါပြီ ဘာခိုင်းစရာရှိသေးလဲ"

"ဟမ်...အော်..အင်း ရပီမရှိတော့ဘူးဗျ "
"အ့ဆိုကျနော်တို့ပြန်ပြီနော် "
"အင်း အင်း"

အလုပ်သမားတွေပြန်သွားတဲ့ထိ သူ့ကိုစိုက်ကြည့်ကာမတ်တက်ရပ်နေတဲ့ ကျောက်တိုင်ကြီးကို

"ဦး လူမှားနေပြီထင်တယ် ကျနော်ကအခုက ၁၆နှစ်ပဲရှိသေးတာ "

ရိပေါ်သူ့ရှေ့ကကောင်လေးအပြောကြောင့်သေချာကြည့်မိမှ ထိုကောင်လေးအရပ်က သူအရပ်နဲ့ဆိုရင် ရိပေါ်ရင်ဘက်လောက်သာရှိ‌အုံးမယ် အသားဖြူဖြူ ပိန်ပိန်ပါးပါးလေးနဲ့ ဒါပေမဲ့ မျက်လုံး နှာတံ နှုပ်ခမ်း
အတိကျပြောရရင် နှုပ်ခမ်းအောက်ကမှဲ့လေးကအစကောနဲ့အတူတူပဲဖြစ်သည်။

"အာ ... သွေ့ပုချိ လူမှားသွားလို့ "
"ဟုတ် ရပါတယ် ဟီး😁"
" ကလေး ဒါနဲ့ နာမည်က ... အိမ်နီးချင်းတွေဖြစ်လာပြီဆိုတော့ ကူညီလိုရင်ပေးရအောင်လို့ပါ "

"ကျနော့နာမည် ရှောင်ကျန့်ပါဗျ ပါပါးနဲ့မာမားကတော့ ကျန့်ကျန့်လို့ပဲခေါ်တယ်"
ဦးနာမည်ကရောဟင် ???

"ရိပေါ်....ဝမ်ရိပေါ် "
"ကျန့်ကျန့်တစ်ယောက်ထဲနေမှာလား "
"အန်တီရှင်းလီနဲ့ပါ ကျန့်ကျန့်ကထမင်းဟင်းမချက်တက်လို့အပြင်စာတွေစားမှာဆိုးလို့တဲ့မားကထည့်ပေးလိုက်တာ"

စကားပြောနေတုန်း ရှောင်ကျန့်အတွေးတခုရသွားတယ်

"ဒါနဲ့လေ ဦး " တခုခုပြောဖို့ပြင်ပြီး အားနာသွားပုံကြောင့်
"ပြောလေ ကျန့်ကျန့်"

အသစ်ပြန်လည်မွေးဖွားချင်းWhere stories live. Discover now