Part 1🍓

2.3K 131 20
                                    

Unicode

Tower Bridge, London

တဖြေးဖြေးညိုမှိုင်းလာသော မိုးသားတိမ်တိုက်တို့ကြောင့် မကြာခင်မိုးရွာတော့မည်ဆိုတာသေချာနေသည်
လူအချို့ သူ့ဘေးနားကနေ ပုံမှန်ခြေလှမ်းတို့ထက်လျင်မြန်စွာဖြတ်လျှောက်သွားကြသည်

တဂျိန်းဂျိန်းထစ်ချုန်းလာသော မိုးခြိမ်းသံတို့ကြောင့် မကြာခင်သဲကြီးမဲကြီးရွာချတော့မည်ဆိုတာသိသော်လည်း ထိုနေရာမှသူနည်းနည်းလေးမှမလှုပ်ရှားမိပါ

ဒီအချိန် ဟန်းဂုမှာရောမိုးရွာနေမလား
ဒါမှမဟုတ် ကြယ်တွေစုံနေမလား တစ်စုံတစ်ယောက်ကကော သူ မရှိတော့ အတိုင်းထက်အလွန်ပျော်ရွှင်နေရဲ့လား

ဘောင်းဘီအိတ်ထဲမှ တုန်ခါလာတဲ့Phလေး ကြောင့် ထုတ်ကြည့်တော့
Screenပေါ်က မ ဆိုတဲ့နာမ်စားလေးကြောင့် သူပြုံးလိုက်မိသည်

သူမကိုယ်တိုင် သူ့Phကိုယူကာ ရေးမှတ်ထားသည့် အမည်နာမလေး

" Lice ဒါလေးတော့ ဒီတိုင်းလေးထားပေးပါ မဖျက်လိုက်ပါနဲ့ " ဆိုတဲ့
Lalisaကို သိပ်ချစ်တဲ့သူမ

တစ်ယောက်သောသူကသာ သူမလိုမျိုး Liကိုသိပ်ချစ်ခဲ့မယ်ဆိုရင်

" Hello မ "

" ဟင် Lice ဘယ်လိုခေါ်လိုက်တယ် "

" မလို့ခေါ်လိုက်တာလေ မပဲ မလို့ Liရဲ့Ph မှာရေးထားပြီးတော့ "

" Ommလေ ဒါပေမဲ့ မထင်ထားလို့ Liceက တို့ကို မ လို့ခေါ်လာလိမ့်မယ်လို့ မထင်ထားလို့ "

" နာမ်စားလေးတစ်ခုပဲ မရယ် Liခေါ်လို့ရပါတယ် "

" Ommပါ.. ဒါနဲ့ Liceဘယ်မှာလဲ မိုးတွေရွာတော့မယ်လေ မ အလုပ်ကပြန်လာတော့
မင်းတိုက်ခန်းမှာမတွေ့လို့ ဘယ်တွေသွားနေတာလဲဟင် မ လာကြိုရမလား ဘယ်နေရာလဲ မကိုပြော မိုးတွေရွာတော့မယ်လေLiceရဲ့"

သူမကအဲ့လိုလူမျိုးပါ
သူ့ကိုကလေးလေးတစ်ယောက်လို အမြဲစိတ်ပူပေးတတ်တာ အမြဲဂရုစိုက်ပေးတတ်တာ သူ့မျက်နှာအရိပ်အကဲကိုအမြဲကြည့်နေတတ်တာက အခုမှမဟုတ် ဟိုးအရင်ကတည်းကပါ

" ရပါတယ် မရယ် Liကအခု ပြခန်းမှာပါ အပြင်မှာမဟုတ်လို့ စိတ်မပူပါနဲ့
Liဘယ်မှလဲမသွားပါဘူး "

J's Love 🍂Where stories live. Discover now