အင်း......!
တိမ်ယံအသံတိုးလေးနဲ့ပဲပြန်ဖြေနိုင်တော့တယ်။သူဒီ့ထက်ပိုပြီးစကားကိုပိုမပြောချင်တော့ဘူးလေ။ဘာ့ကြောင့်လဲဆိုရင်တော့ဖြေရမှာအရမ်းရှက်မိတယ် ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်မိတဲ့အထိပဲ။
ဟုတ်ပါတယ်သူ့ချစ်ရဆုံးသောလူသားကသူ့ရှေ့တွင်တခြားမိန်းကလေးတစ်ယောက်အားသူ့ချစ်သူဟုမိတ်ဆက်ပေးနေသည်လေ။ဘယ်လိုအတွေးနဲ့များ မိတ်ဆက်ပေးနိုင်ရတာလဲ မောင်ရယ်။သူရင်နာပါသည်ဟိုးနှလုံးသားအတွင်းထဲကနေပြီးတော့ကိုနာကျင်ရတယ်။သူ့ကိုရှိတဲ့လူလို့တောင်မသက်မှတ်ဘဲ မောင်ကလေ သူ့ပေါင်ပေါ်က မိန်းမကိုပဲ အာရုံရောက်နေတာလေ။ မောင် အရမ်းရက်စက်တတ်မှန်းသိပါတယ်။ လွန်းကိုမချစ်ဘူးဆိုတာလဲ လွန်းသိနေပေမဲ့ ဒီလိုတော့မရက်စက်သင့်ပါဘူး မောင်ရယ်။
ဒါပေမဲ့လေ မောင်ဘယ်လောက်ပဲ နာကျင်စရာတွေပေးပေး မောင့် အနားကနေ လွန်းလုံးဝ ထွက်သွားမှာမဟုတ်ဘူး အဆုံးထိကပ်တွယ်နေမှာ။
ချစ်နေသည်လေ ချစ်နေရုံနဲ့ကျေနပ်ပါတယ်။မောင့် ဆီကအချစ်ကိုလဲ ပြန်ပြီးမမျှော်လင့်ရဲပါဘူး။မေတ္တာတွေပေးတိုင်းသာပြန်ရမယ်ဆို လွန်းအခုဆို မောင့်ရဲ့ချစ်မဝလေးဖြစ်နေမှာပေါ့။
အခုတော့လွန်းဆက်ကြည့်မနေနိုင်တော့ဘူး။ လွန်းရှေ့တောင်မရှောင်နိုင် နှုတ်ခမ်းခြင်းရမ္မက်ဆန်စွာနမ်းနေတဲ့ လူသားနှစ်ဦး။
ထိုမြင်ကွင်းကိုကြည့်ပြီးလွန်း ဝဲဖက်ရင်ဘတ်ထဲကနာသည် ရင်ဘတ်ထဲပါမကဘူး ညက မောင် ရိုက်ထားတဲ့ကျောမှခါးပတ်ရာများသည်လဲစိမ့်နေအောင်နာသည်လေ။အတွေးလွန်နေသောသူ့အား မောင် က....."မင်းမတ်တတ်ရပ်ကြီးကြောင်သွားပြီလား။ယွန်းအတွက်ထမင်းသွားပြင်ခိုင်းနေတာမကြားဘူးလား မင်းနားလေးနေတာလားဟမ် လွန်းတိမ်ယံ!!!!"
"မဟုတ်ပါဘူး မောင်ရယ် လွန်း အတွေးလွန်သွားလို့ပါ အခုဘဲသွားပြင်လိုက်ပါ့မယ်.....အာ့!
ဒူးထောက်နေရာမှထလိုက်သောကြောင့်နာကျင်သွားသောခြေဖဝါးတစ်စုံ အာ ဟုတ်သားဘဲ မောင် ညကလွန်းကြောင့်ကျကွဲသွားသောဖန်ခွက်ကိုခြေဖဝါးဖြင့် နာရီဝက် နင်းခိုင်းပြီးအပစ်ပေးထားတာပဲလေ။လွန်းမနာပါဘူး ရင်ဘတ်ထဲကနှလုံးသားလေးက အနာပိုနေတယ်မလား။