"လွန်းတိမ်ယံ!!! မင်းအခုထိမထသေးဘူးလား မင်းအိမ်များထင်နေလား တောက်!!!! အခုချက်ချင်းထစမ်း မင်း!"
ဝုန်း!!!!"အာ့"
လွန်း ညကငိုပြီးပင်ပန်းလို့ မနက်နောက်ကျတဲ့ထိအိပ်ပျော်နေတုန်း ကုတင်ပေါ်ကနေ မောင်ကဆွဲချလိုက်တာကြောင့် ဖန်ကွဲစဆူးထားသောခြေတောက်ကနာလို့ အသံထွက်မိသွားသည်။ခြေတောက်ကအရမ်းနာတာကြောင့်
"အင့် ဟင့် နာတယ် မောင် အင့် ခြေတောက်က"
"နာမနေနဲ့ ထစမ်း အောက်မှာ ငါနဲ့ယွန်းစားဖို့ မနက်စာသွားပြင်စမ်း။စောစောစီးစီးငိုမနေနဲ့ ကျက်သရေကိုမရှိဘူး တောက်။"
မောင် ကသူ့ကိုပြောပြီးပြီးချင်းအခန်းထဲကပြန်ထွက်သွားသည်။
လွန်းလဲ ရေချိုးပြီး ခြေဖဝါးလေးတွေ ပတ်တီးနဲ့ဖြစ်သလိုသာစီးလိုက်တော့သည်။နောက် မနက်စာပြင်ရန် အောက်သို့ဆင်းလာတော့ မောင်က အခုထိ အပေါ်မှာပဲရှိဦးမယ်ထင်။
မကြာ မောင်နဲ့ယွန်းမီမီ အပေါ်ထပ်မှဆင်းလာသည်။မောင်ကတော့ယွန်းမီမီ့ခါးကို ဖက်ထားသေးသည်။"ကိုကို့ စားပြီးရင် ကိုကို့ ကုမ္ပဏီ လိုက်ခဲ့မယ်နော် ယွန်းပျင်းနေလို့ ဟီး~~"
ယွန်းက ချွဲသံလေးနဲ့ပြောတော့ အာဏာ ယွန်းပါးလေးကိုတချက်နမ်းပြီး...
"အင်း လိုက်ခဲ့လေယွန်းရဲ့ ကိုကို လဲယွန်းကိုမလွမ်းရတာပေါ့"
"ဟုတ် ကိုကို။အော် ဒါနဲ့ လွန်းတိမ်ယံ နေ့လည်ကျ ယွန်းကိုကိုနဲ့ ကုမ္ပဏီ မှာထမင်းအတူတူစားချင်လို့ ထမင်းချိုင့်လာပို့ပေးနော် ဟင်းဟင်း"
"ဪ အင်းလာပို့ပေးပါ့မယ် မယွန်းမီမီ စားချင်တာပြောခဲ့ပါ။ ပြီးတော့ မောင်ရော..."
"ငါက ယွန်း ကြိုက်တာဆိုကြိုက်ပြီးသား ယွန်းသဘောအတိုင်းဘဲ လုပ်ပေးလိုက်"
မောင်တို့ ကားပေါ်တက်ပြီးထွက်သွားသည်အထိ တိမ်ယံ ငေးနေမိသည်။လိုက်ဖက်လွန်းသည်လေ သူသာဖျက်ဆီးခဲ့သည်မလား?ထိုလူသားနှစ်ယောက်ကို။
At 12:00
တိမ်ယံတစ်ယောက် မောင့်ကုမ္ပဏီသို့သွားရန် ဦးလေးထွန်း ကိုလိုက်ပို့ခိုင်းလိုက်သည်။
ကုမ္ပဏီရောက်တော့ ဧည့်ကြိုကောင်တာမှာ မောင့်စီလာတာဟုပြောလိုက်တော့ ကြိုချိန်းမထားလို့တွေ့ခွင့်မရှိဘူးတဲ့လေ။ကျွန်တော်လဲ မောင့် စီဖုန်းခေါ်ပြီး သူရောက်နေကြာင်းပြောလိုက်သည်။