At 5:30 pm
တိမ်ယံတို့နေ့လည်စာစားပြီး လျှောက်လည်နေရင်း ညနေတောင်ရောက်မှန်းမသိရောက်သွားသည်။
"ကိုစက် ကျွန်တော်ပြန်တော့မယ်နော် ညနေတောင်ရောက်နေပြီမလို့"
"ဟုတ်ပါပြီ လွန်းငယ်လေးရာ!ကို လိုက်ပို့မယ်နော်"
"လိုက်ပို့မှာလား
ဟီးဟီး..ဒါဆိုပိုတောင်ကောင်းသေးတယ်""ကဲကဲ သွားကြစို့ ဒါဆို ကိုတို့"
"ဟုတ် ကိုစက်"
တိမ်ယံအိမ်ရောက်တော့ ခြံထဲကကားကြောင့် မောင်အိမ်ပြန်ရောက်နေမှန်းသိလိုက်သည်။
"ကိုစက် ဒါဆို လွန်းအိမ်ထဲဝင်ပြီနော်"
"ဟုတ်ပါပြီဗျာ!ဒီနေ့အတွက်ကျေးဇူးပါဗျ!"
"မလိုပါဘူး ကိုစက်ကလဲ လွန်းကလိုက်စားရလို့ ကျေးဇူးတောင်ပြန်တင်ရမှာကို!"
"ဟားဟား...ဟုတ်ပါပြီးကွာ!အိမ်ထဲဝင်တော့ လွန်းငယ်!ဪ လွန်းလေးပျင်းရင် ကိုစက်ဆီဖုန်းဆက်နော် သွားချင်တဲ့နေရာလိုက်လိုက်ပို့မယ် လွန်းငယ်လဲပျင်းနေမှာပေါ့ကျောင်းပိတ်ထားတော့"
"ဟုတ် ကိုစက် ဟီးဟီး!တာ့တာ ဒါဆိုလွန်းအထဲဝင်ပြီနော် ကားသေချာမောင်းသွားဦး!"
"ဟားဟား ဟုတ်ပါပြီကွာ!"
ခြံထဲဝင်သွားတဲ့ လူသားလေးအိမ်ထဲရောက်မှကျွန်တော်လဲကားမောင်းထွက်လာတော့သည်။ဒီနေ့လွန်းငယ်လေးနဲ့အချိန်ကုန်ဆုံးရတာ စက် အရမ်းပျော်သည်။စက် ဘယ်လောက်တောင်ပျော်နေလဲဆိုတာသူသာလျှင်သိလိမ့်မည်သာ။
တိမ်ယံအိမ်ထဲရောက်တော့ ဧည့်ခန်းထဲတွင်ထိုင်နေတဲ့မောင်.....။ရှေ့စားပွဲတွင်လဲ ကုန်နေတဲ့အရက်တစ်ပုလင်း အပြင် တစ်ဝက်ကျိုးနေတဲ့နောက်ပုလင်းတစ်လုံး။ပြီးတော့ ဘေးက Strawberry Cake တစ်လုံး။
'အဲ့ဒီ cake လေးကလွန်းအတွက်ဆိုပြီး မျှော်လင့်လို့ရလား မောင်...'"မောင် ဘာလို့အရက်တွေအများကြီးသောက်နေရတာလဲ"
"အဟက် ငါ့ပါးစပ်နဲ့ငါသောက်တာမင်းကိုပြောနေရဦးမှာလား"
"မဟုတ်ပါဘူးမောင်ရယ် လွန်းကမောင့်ကိုစိတ်ပူလို့ပါ..."
"စောက်ပိုတွေလုပ်မနေနဲ့ လွန်းတိမ်ယံ!!!အပြင်မှာ လင်ငယ် နဲ့ပျော်ချင်သလိုပျော်နေပြီး အိမ်ပြန်လာမှစောက်ပြသနာလာရှာမနေနဲ့ငါ့ကို!!!"