Uni
သဘက်ခါဆိုဒေါ်လေးတို့ကဘန်ကောက်ပြန်ကြတော့မှာဆိုတော့ဒီနေ့ဆိုင်ပိတ်ပြီးပြီူရေတံခွန်တောင်နဲ့ရှုခင်းသာကိုသွားဖို့ပြင်ဆင်နေကြတယ် ဟိုမျောက်သုံးကောင်ကိုတော့လူကြီးတွေကိုအနားပေးပြီးသူတစ်ယောက်ထဲထိန်းဖို့အားခဲ့ထားလိုက်တယ် ဆိုင်ကူမယ်ဆိုပြီးသူတို့ပတ်မွှေသမျှကိုထိန်းရတာနဲ့တင်လူကြီးတွေမာပင်ပန်းလှပြီလေရှုခင်းသာကိုရောက်တော့
"P' saungတို့ကိုဓာတ်ပုံရိုက်ပေး"
"ဟုတ်ကဲ့ပါ သခင်မလေးတို့"
"မောင်မင်း သိပ်တော်တာပဲ"
"တော်တော်စကားတတ်နေတယ် ကဲဖုန်းပေးဘယ်နားလေးမှာရိုက်ပေးရမာတုန်း"
"ဒီနားလေးမှာp' "
"ဟုတ်ပြီသုံးယောက်စလုံးနေရာယူကြ 1 2 3"
သုံးယောက်သားရိုက်လိုက်ကြတဲ့ပုံဆိုတာနေရာမျိုးစုံရှုထောင့်မျိုးစုံ သူတို့သုံးယောက်နဲ့တင်နာရီဝက်တစ်နာရီနီးပါလောက်ရိုက်ပေးလိုက်ရတယ် ဒါတောင်မိSanကပြောနေသေးတာ "Sanကဓာတ်ပုံရိုက်ရတာဝါသနာမပါဘူး"တဲ့လေ"တော်ပြီတော်ပြီ Wanမရိုက်ချင်တော့ဘူး p'ကိုရိုက်ပေးမယ်"
*ဟုတ်ကဲ့ကျေးဇူးတင်ရပါတယ်ဗျာ*(စိတ်ထဲမှ)
Wanနဲ့Saungကပုံရိုက်ပေးပြီးSanကတော့maeတို့ဆီသွားပြီးဘာတွေချွဲနေတယ်မသိဘူး ကျွန်တော်လည်ဓာတ်ပုံနည်းနည်းရိုက်ပြီmaeတို့ဆီသွားကာမိသားစုလိုက်တစ်ပုံကိုဘေးနာမှယဖြတ်သွားတဲ့လူကိုအကူညီတောင်းပြီးရိုက်လိုက်တယ်
ပြီးတော့လိုင်းဖွင့်ပြီးအကိုဆီကိုပုံလေးပို့ပေးလိုက်တယ်
💌ဘယ်မှာလဲ ငယ်😚💌💌သဘက်ခါ ဒေါ်လေးကဘန်ကောက်ပြန်တော့မာမို့ အလည်လိုက်ပို့တာအခုရှုခင်းသာမာ💌
💌ကိုယ့်အသဲကိုလွမ်းလိုက်တာကွာ😞💌
💌ငယ်လည်းအကို့ကိုအရမ်းလွမ်းတာပဲ အခုတောင်အကိုပါရင်ကောင်းမှာပဲလို့တွေးနေတာ💌
💌ကိုယ်လည်းအခုချက်ချင်းလာလို့ရရင်လာလိုက်ချင်တယ်💌
💌မြန်မြန်လာနော်အကို ဒီမာမျောက်သုံးကောင်ကိုမထိန်းနိုင်တော့ဘူး💌