I hate you

4.2K 311 4
                                    

Sweet Revenge

Ep(2)

I hate you

အား ကျွတ်ကျွတ်

ခေါင်းကိုက်သောကြောင့် မျက်လုံးမဖွင့်ချင် ဖွင့်ချင်ဖြင့် ဖွင့်လိုက်သည်။

သူ မနေ့ကအိမ်ပေါ်ကဆင်းလာလို့ Hotel လာအိပ်တာပဲ

"နိုးပြီလား"

ဘေးနားကအသံကြောင့် Hun မော့ကြည့်လိုက်တော့

Hun:"ခင်များဘယ်သူလဲ "

Lu:"အဲ့မေးခွန်း ငါမေးရမှာပါ မင်းဘယ်သူလဲ"

Hun:"ခင်များနော် ကျုပ် လုံခြုံရေးခေါ်လိုက်ရမလား"

Lu:"မင်းကပဲပြောရတယ်ရှိသေးတယ် သူများအခန်းအတင်းဝင်လာတဲ့သူကများ"

Hun:"ဘာ!! "

Hun ပြန်စဉ်းစားလိုက်မိတော့ အစနည်းနည်းပေါ်လာသလိုလို

Lu:"ရော့ ပျားရည်သောက်လိုက် ခေါင်းကိုက်နေတယ်ထင်လို့ မနက်စာကို ပဲပင်ပေါက်ဟင်းချိုမှာလိုက်တယ် "

Hun:"ကျေးဇူးပဲနော်"

Lu:"ငါ့နာမည် Luhan"

Hun:"Oh Sehun ပါ"

Lu:"ဘာ!! Oh မျိုးနွယ်လား"

ရုတ်တရက်မေးလိုက်တဲ့သူ့အသံကျယ်ကျယ်ကြောင့် Hun သောက်နေတဲ့ ပျားရည်ပင်သီးသွားသည်။

Lu:"Oh Jin Young ရဲ့သားလား"

Hun:"ဟုတ်တယ် ကျုပ် အဖေကိုဘယ်လိုသိနေတာလဲ"

Lu:"ဘယ်လိုသိနေတာလဲဟုတ်လား မင်းသွားတော့ ပေးပျားရည်ခွက် ခုချက်ချင်းထွက်သွား"

Hun ကြောင်သွားသည်။ ရုတ်တရက်ဘာထဖြစ်တာလဲ

Lu:"မင်းကို အခုထွက်သွားလို့ပြောနေတယ်နော် သွား!!!"

Hun ဒေါသထွက်သွားကာ

"ခင်များမသွားခိုင်းလဲ သွားမှာပါ လူကို ခွေးမောင်းသလိုလာမမောင်းနဲ့"

Lu:"မင်းတို့က ခွေးလောက်ပဲအဆင့်အတန်းရှိတာလေ"

Hun:"ဘာပြောတယ်"

Hun Lu ကိုတစ်ချက်ထိုးလိုက်သည်။

Lu က သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်ကာ

"Hello ဒီမှာ လူတစ်ယောက်လာသောင်ူကျန်းနေလို့ လာဖမ်းပါ"

Hun ဒေါသထွက်သွားကာ Lu ကိုနောက်တစ်ချက်ထပ်ထိုးလိုက်သည်။

Lu လည်း လဲနေရာမှထလိုက်ကာ Hun ကိုတစ်ချက်ပြန်ထိုးလိုက်သည်။

ထိုစဉ် လုံခြုံရေးတေဝင်လာကာ Hun ကို ဖမ်းချုပ်ကြသည်။

Lu:"သူ့ကို ရဲစခန်းပို့လိုက်ပါ အခန်းထဲလည်းဝင်သောင်းကျန်းတယ် လူကိုလည်း ထိပါးတယ် "

ပြောပြီး Hun ကို ခပ်မဲ့မဲ့ပြုံးရင်းကြည့်နေသည်။

Hun အံကိုတင်းတင်းကြိတ်လိုက်ကာ

"ခင်များ နောက်တစ်ခါတွေ့ရင် အသက်ပါပျောက်မယ်"

ပြောရင်း လုံခြုံရေးတေဆွဲခေါ်ရာကိုပါသွားသည်။

Lu ခုမှ ခုတင်ပေါ်ထိုင်လိုက်ကာ

တောင်းပန်ပါတယ် ကောင်လေးရယ် မင်းသာ Oh မျိုးနွယ်မဟုတ်ရင် ဒီလိုမလုပ်ပါဖူးကွာ

"Room service ပါရှင် မနက်က ပဲပင်ပေါက်ဟင်းချိုမှာထားလို့ပါရှင်"

လှည်းကလေးတွန်းကာလာသော Hotel ဝန်ထမ်းကိုတွေ့လိုက်သည်။

Lu:"ပြန်ယူသွားတော့မလိုတော့ဘူး"

ပြောပြီး သူခုတင်ပေါ်အိပ်လိုက်သည်။

*********************

Hun အချုပ်ထဲရောက်နေသည်။

ဟိုလူ ပထမတော့ လူကိုကောင်းသလိုလိုလုပ်ပြပြီး ရုတ်တရက်ဘာထဖြစ်တာလဲ

"Oh Sehun အာမခံတဲ့လူလာတယ်"

ပြောရင်း အချုပ်ခန်းတံခါးလာဖွင့်ပေးတာမို့ Hun ထွက်လာလိုက်သည်။

Hun အပြင်ရောက်သည်နှင့် Appa ကိုတွေ့လိုက်ရသည်။

Appa ကသူ့ကိုတွေ့သည်နှင့်

ဖြန်း!!!!!!

Hun ခြေထောက်တေပင်ယိုင်သွားသည်။

Appa ကသူ့ကို ဒီလိုဆုံးမနေကျပဲလေ မထူးဆန်းတော့ပါဘူး

"မင်းကို ဒီအတတ်ကောင်းတေဘယ်သူသင်ပေးတာလဲ မင်းကို အကြိမ်ကြိမ်ပြောထားတာကို "

"ရဲစခန်းမှာပါဗျ အိမ်ကျမှ သားအဖတေရှင်းကြပါ"

ရဲ တစ်ယောက်ဝင်ပြောမှ Appa အသံတိတ်သွားသည်။

Hun နာကြင်ကျိန်းစက်နေသော ပါးကို ကိုင်လိုက်ရင်း

သမင်မျက်လုံးနဲ့ မင်းသားမျက်နှာဖုံးဆောင်းထားတဲ့ ဘီလူးကို သတိရလိုက်မိသည်။

အားလုံး ခင်များကြောင့် မုန်းတယ် ခင်များကိုမုန်းတယ် အရမ်း

*****************

Ep(2) end

Sweet Revenge(Yaoi)Where stories live. Discover now