I will not forgive you

3.8K 296 2
                                    

Sweet Revenge

Ep(3)

I will not forgive you!!

"Oh Sehun မင်းအသိစိတ်ရှိတာလားမရှိတာလား မင်းအသိစိတ်ထဲပြဿနာရှာဖို့ပဲသိတာလား "

Appa ဆီက ကြားနေကျစကားများကိုသူ မထိမဲ့မြင်လုပ်ကာ ရပ်နေမိသည်။

Omma ဆုံးပြီးကတည်းက သူ့ကိုဘေးနားကနေ ဂရုစိုက်ပေးမယ့်သူမရှိတော့ သူလောကကြီးကိုအရွဲ့တိုက်မိလာသည်။

"မင်း ကျောင်းရောဆက်တက်ဦးမှာလား ကျောင်းမှာလည်းရန်ဖြစ်နဲ့ မင်းမှာအသိစိတ်ရောရှိရဲ့လား"

Hun:"တော်ပါတော့ Appa နဲ့ ဘာဆိုင်လို့လဲ အားနေ အလုပ်အလုပ်နဲ့ ဒီသားကိုဘယ်တုန်းကဂရုစိုက်သွားတာလဲ"

ဖြန်း!!!

Hun ပါးတေ ကျိန်းစပ်သွားသည်။

ပထမဆုံးအကြိမ်မှမဟုတ်တာပဲ

Hun:"ကျေနပ်ပြီလား ကျေနပ်တဲ့အထိ ရိုက်လိုက် ကျေနပ်တဲ့အထိ!!!!!!"

"Sehun ah Appa လုပ်သမျှ မင်းကောင်းဖို့ချည်းပဲ"

Hun:"တော်ပါ Appa ရယ် ကျွန်တော်ပိုက်ဆံမလိုပါဖူး Appa ရဲ့မေတ္တာပဲလိုတာပါ"

Hun မျက်ရည်ကျလာတော့ သူ Appa ကသူ့ကိုဖက်လိုက်သည်။

ခါပထမဆုံးပဲ Appa သူ့ကိုဖက်တာ

ဒါပေမဲ့ နောက်ဆုံးဆိုတာကိုလည်း Hun မသိလိုက်ပါ

****************

"အခြေအနေဘယ်လိုလဲ Kai"

"Share တေအကုန်ဝယ်လိုက်ပါပြီ မကြာမီ အဲ့ Company ဒေဝါလီခံရတော့မှာပါ"

"အင်း ကောင်းတယ်"

သမင်မျက်လုံးလှလှလေးက ရက်စက်တဲ့ပုံပေါ်နေသည်။

Kai:"Hyung nim ဒါနဲ့"

Lu:"ဘာလဲ"

Kai:"အဲ့ Oh Company ကိုဘာလို့ဒီလောက်လိုချင်နေရတာလဲ"

Lu:"အစကတည်းက ငါတို့မိသားစုအပိုင်ပါ လိုချင်တာမဟုတ်ဖူး ကိုယ့်ပစ္စည်းကို ပြန်သိမ်းတဲ့သဘောပဲ"

Kai:"Nae Hyung nim ဒါဆို သွားလိုက်ပါဦးမယ်"

Lu သူ့အလုပ်သာသူ ဆက်လုပ်နေလိုက်သည်။

Sweet Revenge(Yaoi)Hikayelerin yaşadığı yer. Şimdi keşfedin