Reminder: Yizhan
ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဉ်၍ရေးသားထားသောအကြောင်းအရာများသာဖြစ်သည်။
မည်သူတစ်ဦးတယောက်၏အရေးအသားကိုမျှကူးယူဖော်ပြထားခြင်းမရှိကြောင်း။
Idol နှစ်ယောက်၏ Image ကိုထိခိိုက်စေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားထားခြင်းမဟုတ်ပါ။__________________________________
"မာမားရေ ကျန့်ကျန့်ကျောင်းသွားတော့မယ်"
"နေဦးလေ ဟဲ့ အော်"
ပြောမရဆိုမရလေးကတော့မအေစကားတောင်နားမထောင်နိုင်လောက်အောင်အမောတကောပြေးထွက်သွားပြန်ပြီ။
"ဟူး..မောတာ..idolကြီးကိုမမှီရင်ဒုက္ခပဲ။အာ့ မာမားကြောင့်"
ကိုယ့်ဘာသာအိပ်ရာထနောက်ကျနေတာကိုတောင်မအေဖြစ်သူကိုလှမ်းမေတ္တာပို့နေသောရှောင်းကျန့်ဆိုသောအဆိုးအဆာလေး။
တဖက်မှမနက်စာစားနေသောမအေဖြစ်သူမှာလည်းအကြောင်းမဲ့လျှာတွေပင်ကိုက်မိလိုကိုက်မိ။
"ဟျောင့်ရ မြန်မြန်လာပါဟ ဟိုမှာထွက်လာတော့မယ်"
"အေးပါ လာပါပြီဟ"
"ဟျောင့် မင်းရေမချိုးလာဘူးလို့တော့ငါ့ကိုမပြောနဲ့နော်"
"ဟိုဟာကွာ မာမားကမနှိုးတော့လေ ငါလည်း အမ်း နောက်ကျနေမှာစိုးလို့ ဒီ ဒီတရက်တည်းပါပဲ..ကျန်းချန်ရာ"
"ရှောင်းကျန့် ဝေါ့ မင်းစောက်ရမ်းညစ်ပတ်တယ် အော့ ငါ ငါမေရတာ့ဘူး ပြန်လာ အော့"
အလွန်တရာမှအသန့်အပြန့်ကြိုက်လှပါချည်ရဲ့ဆိုသောကျန်းဝမ်ရင်သည်ချုံတောထဲတိုးကာလက်နှိုက်အန်ရတော့သည်။
ထိုသို့အပင်အောက်တနေရာမှာပွတ်ကျိပွတ်ကျိလုပ်နေခြင်းကိုသည်းညည်းမခံနိုင်သောဝဝဖိုင့်ဖိုင့်အဒေါ်ကြီးကထွက်လာကာရေတွေနှင့်ထိုးလောင်းတော့သည်။
ကျန်တဲ့ကောင်တွေကပြေးလို့ပြောတာနဲ့အဝေးရောက်ပြီးနေကြပေမယ့်နေရာမှာကြွက်စုတ်ဖြစ်နေရသူကရှောင်းကျန့်ခေါ်ယုန်ငဆိုးလေး။
အကြောင်းက..သိပ်ကြိုက်ရတဲ့idol ဝမ်ရိပေါ်က မနက်တိုင်းဒီလမ်းမလေးမှာစကိတ်စီးလေ့ကျင့်ရန်ထွက်လာနေကျ။
YOU ARE READING
Idol တို့၏အချစ်သည် 💚❤ (OS)
أدب الهواةအထက်တန်းကျောင်းသားလေးရှောင်းကျန့်နှင့် အောင်မြင်နေတဲ့ဝမ်ရိပေါ်ဆိုသော idol တို့ကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ထိုအချစ်ဇာတ်လမ်းလေးကိုတည်မြဲစေဖို့သူတို့နှစ်ယောက်ပေးဆပ်ခဲ့ရသော၆နှစ်ဆိုသောအချိန်ကာလ ပြန်လည်တွေ့ဆုံချိန်မှာတကယ်ပဲပေါင်းဖက်သွားနိုင်ကြပါ့မလား? HA...