Ruto နဲ့ JeongWoo မနေ့ကတစ်နေ့လုံးခရီးပမ်းခဲ့ကြတာကြောင့် မနက်မိုးလင်းသည်ထိ အိပ်နေလိုက်ကြတာ ငှက်ကလေးတွေ ခေါ်နှိုးမှပဲ လှုပ်ရွလာကြသည်
JeongWoo က မျက်နှာသစ်ဖို့ထမယ်အလုပ်
ဝင်လာတဲ့ ဖုန်း ringtone က မေမေတို့ဆီက....."Hello... မေမေ"
"JeongWoo အိမ်ခနပြန်လာခဲ့ပါအုံး"
............................................
"မင်းကို မင်းစိတ်တိုင်းကျ ဦးလေးကျောင်းက မျက်မမြင်ကျောင်းမှာငါဆရာလုပ်ဖို့ပို့ထားတာနော်.....
ခုက ပဲ့မှာမရှိပဲ ဘယ်မှာတွေသွားအိပ် ဘယ်မှာတွေသွားသဝေထိုးနေတာလည်း ParkJeongWoo. ..""မေမေ....."
JeongWoo အိမ်ပြန်ရောက်တာနဲ့ မေမေတို့ရှိတဲ့ ဧည့်ခန်း၌ဝင်ထိုင်လိုက်သည်နှင့်.........
"ပြောလေ...ပြောပါ ငါမွေးထားတာ သားယောကျာ်းလေးနော်
မင်းကမိဘမျက်နှာအိုးမဲသုတ်ချင်တာလား ဟမ်....
လူကြားထဲ မိဘတွေမျက်နှာဖော်မရဲအောင်လုပ်နေတာလား""မေမေ..သားအဲ့လိုမဟုတ်"
"ငါတို့သတင်းအတိအကျသိထားပြီးပြီ အဲ့မှာကြည့် မင်းဘာပြောချင်သေးလည်း"
JeongWoo မေမေကပြောရင်း ကောင်းလေးနှစ်ယောက် လက်တွဲပြီး ပြုံးကာကြည့်နေကြတဲ့ပုံလေးတစ်ပုံကိုထုတ်ပြလိုက်သည်
"မင်းအတွက် လက်မှတ်ဝယ်ထားပြီးပြီ နောက်တစ်နာရီနေရင် ဒီနိုင်ငံထဲကနေမင်းအပြီးထွက်သွားတော့ ဟိုမှာစီစဥ်ပေးထားတယ် လုံးဝမဆက်သွယ်နဲ့ လုံးဝ...တစ်ယောက်ကိုမှ..."
"မေမေ...ဖေဖေ အဲ့လိုမလုပ်ကြပါနဲ့ဗျာ.....သားတောင်းပန်ပါတယ်
သား..သားတို့က သာမန်မဟုတ်ဘူးဆိုပေမယ့် သားရဲ့စိတ်ရင်းနဲ့သူ့ကိုတကယ်ချစ်ခဲ့တာပါ နောက်အဲ့လို မသွားနဲ့ဆိုမသွားတော့ပါဘူးနော်...မေမေနော် "JeongWoo ကငိုယိုကာ အဖေနဲ့အမေကိုတောင်းပန်နေသည်
JeongWoo အဖေကတော့မျက်နှာကြောတင်းထားကာ JeongWoo အမေကတော့ တစ်ဖက်လှည့်ကာငိုနေသည်ထင်ရဲ့"သားတောင်းပန်ပါတယ်ဗျာ......သားတို့တဂယ်ချစ်ကြတာပါ...တဂယ်ပါ အဲ့လိုမလုပ်ကြပါနဲ့"
YOU ARE READING
Blind Date {Completed}💙
Fanficမင်းအစထဲကငါ့ဘဝထဲဝင်မလာခဲ့သင့်ပူး Haruto ဖြစ်ချင်ရာဖြစ်မင်းအနားပဲရှိချင်တယ် JeongWoo